၅ လက်မ display နဲ့ 4GB RAM ပါဝင်တဲ့ BLU Life One X2 Mini


Life One X2 ရဲ့ mini version ဖြစ်တဲ့ Life One X2 Mini စမတ်ဖုန်းသစ်ကို BLU က မိတ်ဆက် ပေးလိုက်ပါတယ်။

Life One X2 Mini မှာ ၅ လက်မ display ပါဝင်ပြီး chipset က Life One X2 အတိုင်း Snapdragon 430 ကို အသုံးပြုထားပါတယ်။
အဲ့ဒီ SoC ဟာ Life One X2 Mini ကို ယခင်ဗားရှင်းထက် ၃၀ ရာခိုင်နှုန်း ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်စေမှာ ဖြစ်တယ်လို့ BLU က ပြောကြားခဲ့ပါတယ်။ ဒီစမတ်ဖုန်းသစ်ရဲ့ RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက
64GB ဖြစ်ပါတယ်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ပါ။

အရွယ်အစား ၁၄၂ x ၆၉.၆ x ၈.၇ မီလီမီတာဖြစ်ပြီး ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ Android 6.0.1 နဲ့သုံးနိုင်ပြီး Grey, Rose Gold, Gold စတဲ့ အရောင်တွေနဲ့ ရနိုင်ပါတယ်။ တန်ဖိုးက ၁၇၉.၉၉ ဒေါ်လာပါ။

Comments