အမြင်အာရုံ ချို့တဲ့သူများအတွက် Dot စမတ်နာရီကို တင်ပို့ ရောင်းချမည်


တောင်ကိုရီးယား startup ကုမ္ပဏီ Dot သည် အမြင်အာရုံ ချို့တဲ့သူများအတွက် ရည်ရွယ် ထုတ်လုပ်ထားသော စမတ်နာရီကို လာမည့်လတွင် စတင်ရောင်းချ တော့မည်ဖြစ်သည်။
Dot ၏စမတ်နာရီ မျက်နှာပြင်တွင် တစ်ကြိမ်လျှင် အမြင်အာရုံ ချို့တဲ့သူများ အသုံးပြုသော အက္ခရာ လေးလုံးဖြင့် message များကို ပြသပေးသည်။ မျက်နှာပြင်တွင် သံလုံး ခြောက်လုံးကို အတန်း ၄ တန်းတွင် ထည့်သွင်းထားပြီး သုံးစွဲသူကလည်း ဘေးနှစ်ဖက်ရှိ ခလုတ်များကို အသုံးပြု၍ message ကိုပြန်ကြားနိုင်သည်။ Dot စမတ်နာရီ display သည် အကြမ်းခံနိုင်သည်။
ကုမ္ပဏီအနေဖြင့် ရန်ပုံငွေ ထောက်ပံသူ ၁၄၀,၀၀၀ ဆီသို့ စမတ်နာရီကို စတင်တင်ပို့ ရောင်းချသွားမည် ဖြစ်သည်။ ရန်ပုံငွေထောက်ပံ့ သူများအနက်တွင် နာမည်ကြီး အဆိုရှင် စတိဗ်ဝမ်းဒါးလည်း ပါဝင်သည်။ Dot သည် ၂၀၁၇ ခုနှစ်အတွင်း နာရီ ၁၀၀,၀၀၀ တင်ပို့ရောင်းချရန် ရည်မှန်းထားသည်။ စမတ်နာရီ အလုံး ၁,၀၀၀ ကို လန်ဒန်ရှိ လက်လီဆိုင်များတွင် ဒေါ်လာ ၃၂၀ ဖြင့် ရောင်းချမည် ဖြစ်သည်။ Dot အနေဖြင့် ယခင်ကလည်း အမြင်အာရုံချို့တဲ့သော စမတ်နာရီကို တိုးတက်အောင် လုပ်ဆောင်ခဲ့ကာ ဒီဇိုင်းမှာ Fitbit နှင့် ဆင်တူသည်။
ယခုနာရီသည် မျက်စိအမြင်အာရုံ ချို့တဲ့သူများအတွက် မျက်မမြင်စာ ပါဝင်သော ထုတ်ကုန်များ ပိုမိုထွက်ရှိရန် ပထမ ခြေလှမ်းဖြစ်ကြောင်း Dot အမှုဆောင် အရာရှိချုပ် အီရစ်ဂျူယွန်ကင်မ်က ပြောဆိုခဲ့သည်။ Dot သည် အသစ်ထွက်ရှိမည့် Dot Mini ၈,၀၀၀ ကို ထုတ်လုပ်ရန် ကင်ညာအစိုးရနှင့် ဒေါ်လာတစ်သန်းတန် စာချုပ်လက်မှတ် ထိုးထားသည်။ Dot Mini မှာ သင်ထောက်ကူ မျက်မမြင် ဖတ်စာဖြစ်ပြီး ဒေါ်လာ၂၀၀ ဖြင့် ရောင်းချမည် ဖြစ်သည်။
ထို့အပြင် Dot သည် ၂၀၁၈ ခုနှစ်တွင် Google နှင့်ပူးပေါင်း၍ Dot Pad ကိုဖြန့်ချိမည့် အစီအစဉ်များ ရှိကြောင်းသိရသည်။

Comments