Facebook ရဲ့ live-streaming ဝန်ဆောင်မှုကို desktop နဲ့ laptop များတွင် အသုံးပြုနိုင်ပြီ


Facebook ရဲ့ live-streaming ဝန်ဆောင်မှုကို စမတ်ဖုန်းနဲ့ မိုဘိုင်း ထုတ်ကုန်တွေအပြင် desktop နဲ့ laptop သုံးစွဲသူအားလုံး အသုံးပြုနိုင်ပြီလို့ Facebook က ကြေညာလိုက်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ built-in webcam ကနေ ဗီဒီယိုတွေကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နိုင်သလို external camera hardware ဒါမှမဟုတ် streaming software တွေကိုသုံးပြီး အရည်အသွေးမြင့် တိုက်ရိုက် တင်ဆက်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Live video option ကို Facebook ရဲ့ News Feed နဲ့ user profile တွေမှာ တွေ့မြင်နိုင်ပြီး status တစ်ခုကို တင်သလိုမျိုး live video တွေကို အလွယ်တကူ ထုတ်လွှင့်နိုင်ပါတယ်။ Desktop ပေါ်က တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်မှုတွေကို မိုဘိုင်းပေါ်မှာ မြင်ရတဲ့အတိုင်း သူငယ်ချင်းတွေရဲ့ News Feed တွေမှာ တွေ့မြင်ရမယ်လို့ သိရပါတယ်။

Comments