မိုဘိုင်းဖုန်းနဲ့ FastSell app မှာ ပစ္စည်းတွေ ရောင်းဝယ်ကြမယ်


အရောင်းအဝယ်ပြုလုပ်ချင်တယ်ဆိုရင် FastSell app နဲ့ဆို ဆိုင်ဖွင့်စရာမလို၊ မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ ရိုးရှင်းလွယ်ကူစွာ ရောင်းဝယ်နိုင်ပါတယ်။ လက်ရှိမှာတော့ Android OS မိုဘိုင်းဖုန်းတွေအတွက်သာ ဖန်တီးပြုလုပ်ပေးထားပါတယ်။ ပစ္စည်းတွေကို app ထဲမှာတင် လွယ်လွယ်ကူကူရှာဖွေနိုင်မှာဖြစ်ပြီး ပစ္စည်း
ကို ဈေးနှုန်း နဲ့အတူ ပြသပေးပါတယ်။ လူသုံးကုန်ပစ္စည်းအမျိုးအစားစုံစုံလင်လင်ကို လွယ်ကူစွာရှာဖွေဝယ်
ယူနိုင်ပြီး၊ ရောင်းချသူတွေအနေနဲ့ ကိုယ်ရောင်းလိုတဲ့ ပစ္စည်းတွေရဲ့ အချက်အလက်တွေထည့်သွင်းပြီး အလွယ်တကူပို့စ်တင်ကာ ရောင်းချနိုင်ပါတယ်။
ဒီ app ရဲ့ အားသာချက်က ကိုယ်ရောက်ရှိနေတဲ့ နေရာရဲ့ အနီးတဝိုက်မှာ FastSell app ကို သုံးစွဲပြီး
ရောင်းချထားတဲ့ ပစ္စည်းတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး ပစ္စည်းတစ်ခုချင်းစီအလိုက် ရောက်ရှိရာနေရာနဲ့ ပစ္စည်းရောင်းချသူရဲ့ အကွာအဝေးတွေကိုလည်း ဖော်ပြပေးပါတယ်။
Fastsell app ကို အသုံးပြုကြတဲ့ ဝယ်သူတွေ အဆင်ပြေစွာ ဝယ်ယူနိုင်ရန် ရောင်းချတဲ့ ပစ္စည်းတစ်ခုချင်းစီ အလိုက် ရောင်းချသူအမည် နဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကိုပါ ထည့်သွင်းပေးထားခြင်းကြောင့် လွယ်ကူ
မြန်ဆန်စွာ ဆက်သွယ်ပြီး ဝယ်ယူနိုင်ကြပါတယ်။ လူသုံးကုန်ပစ္စည်းတွေသာမက COC ဂိမ်းကဲ့သို့ ဂိမ်း
အကောင့်တွေကိုလည်း FastSell app မှာရောင်းချနိုင်ပါတယ်။ (တစ်ပတ်ရစ်) အဝတ်အထည်၊ လူသုံးကုန်
ပစ္စည်းတွေနဲ့ မိုဘိုင်းဖုန်း စတာတွေကို ပြန်ရောင်းမလား၊ ကိုယ်အသုံးမလိုတာတွေကို မရောင်းပဲ အခမဲ့ပေး
ချင်လား၊ မိမိစိတ်ကြိုက် ရောင်းဝယ်နိုင်တဲ့ app တခုပါပဲ။
လူသုံးကုန်ပစ္စည်းမျိုးစုံကို အလွယ်တကူနဲ့ ရှာဖွေဝယ်ယူနိုင်ပြီး၊ မြန်မြန်ဆန်ဆန်နဲ့လည်း ရောင်းချနိုင်ပါတယ်။
FastSell app ရဲ့ အားသာချက် အနေနဲ့ ကိုယ့်အနီးအနားမှာရှိတဲ့ ပစ္စည်းမျိုးစုံကို တည်နေရာနဲ့ ရှာဖွေနိုင်
တော့ delivery ၀န်ဆောင်မှုအတွက် ကုန်ကျမှုမခံချင်တဲ့သူတွေအတွက်လည်း ကိုယ်တိုင်ကိုယ်ကျချိန်းဆို
တွေ့ဆုံပြီး မြန်မြန်ဆန်ဆန် ရောင်းဝယ်လို့ရခြင်းပဲဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ရမယ်ဆိုရင် ကိုယ့်ရဲ့ အနီးအနားမှာရှိတဲ့ ပစ္စည်းရောင်းဝယ်လိုသူတွေကို အလွယ်တကူရှာနိုင်
တာဟာ အခြား app တွေထက်အားသာချက်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် အကောင့်ဖွင့်ထားမှ တစ်ဦး
နဲ့တစ်ဦး ချိတ်ဆက်ရောင်းဝယ်နိုင်ပြီး ဖုန်းနံပါတ်နဲ့ အကောင့်ဝင်ရခြင်းကြောင့် ယုံကြည်စိတ်ချရမှုကို ပိုခိုင်
မာစေပါတယ်။ နောက်တစ်ခုက ဘာသာစကားနှစ်မျိုးကိုရွေးချယ်နိုင်တဲ့အပြင် ကိုယ့်ဖုန်းနဲ့ သင့်တော်တဲ့
ဖောင့်တွေကိုပါ အဆင်ပြေသလိုရွေးချယ်နိုင်ပါသေးတယ်။
FastSell app ကိုရယူချင်တယ်ဆိုရင်တော့ ဒီလင့်ခ် http://bit.ly/FastSell_APK မှာ download ဆွဲ ရယူနိုင်သလို Playstore ကနေလည်း ရှာပြီး ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ Android version 4.1 နဲ့အထက် ဖုန်းတွေအားလုံးကို အထောက်အပံ့ပေးထားပါတယ်။

Comments