Google က Gboard Keyboard မှာဘာသာပြန်စွမ်းဆောင်ချက် ထည့်သွင်းပေး


စမတ်ဖုန်းတွေမှာ ဘာသာပြန် စွမ်းဆောင်ချက် အသုံးပြုနိုင်စေဖို့အတွက် Google က Android အတွက် သူ ဖန်တီးပေးထားတဲ့ Gboard Keyboard app မှာ စွမ်းဆောင်ချက် အသစ်တခု ထည့်သွင်းပေးလိုက်ပါတယ်။ အင်တာနက်မှာဘာသာစကားမတူညီသူများနဲ့ စကားပြောတဲ့အခါမှာ Gboardဟာအလွန် အသုံးဝင်ပါတယ်။ Gboardမှာရိုက်လိုက်တဲ့ စကားလုံးများကို အခြားဘာသာစကားသို့ အချိန်နဲ့တစ်ပြေးညီပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Gboardမှာ Translate Box စွမ်းဆောင်ချက် ပါရှိပြီးအခြား Apps များမှ စာသားများကိုဘာသာပြန်ပေးနိုင်ပါတယ်။ အဲဒီအတွက် ဘာသာပြန်ဖို့ Google Translate App ကိုအသုံးပြုစရာမလိုတော့ဘဲကီးဘုတ်ကနေ တိုက်ရိုက် ဘာသာပြန်နိုင်ပါပြီ။
Gboardမှာပါးစပ်ကနေပြောလိုက် တာနဲ့ စာရိုက်ပေးတဲ့ Speaking Mode လည်းပါရှိပါတယ်။ အခုဗားရှင်း အသစ်မှာ Speaking Mode နဲ့ Typing Mode များကိုပြောင်းလဲနိုင်တဲ့ စွမ်းဆောင်ချက်လည်းပါရှိလာပါတယ်။ Background Themes အသစ်များ၊ အလိုအလျောက် အကြံပြုပေးတဲ့ Emoji နဲ့ GIF များလည်းပါရှိလာပါတယ်။

Comments