Google Play ကနေ အခမဲ့ Android app တစ်ခု အပတ်စဉ် ရရှိနိုင်မည်

Google ဟာ အပတ်စဉ် အခပေး Android app တစ်ခုကို အခမဲ့ပေးမယ့် section သစ်တစ်ခုထည့်သွင်းပြီး Play Store ကို update လုပ်လိုက်ပါတယ်။
အခမဲ့ section ကနေ ပထမဆုံးထောက်ပံ့ပေးတဲ့ app ကတော့ Cartoon Network ရဲ့ Adventure Time စီးရီးကိုအခြေခံထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်ဆိုရင် ၂.၉၉ ဒေါ်လာကျသင့်ပေမယ့် အခု
အချိန်မှာ အခမဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။
အဲ့ဒီ section ကို Desktop ဒါမှမဟုတ် Mobile က Play Store ရဲ့ ‘Apps’ page ပေါ်မှာ အောက်ဘက်ကို scroll လိုက်တဲ့အခါ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

Comments