Google ရဲ့ security AI ကောင်းမွန်လာမှုကြောင့် You’are “Not a robot” ဆိုတဲ့ Verification မလိုတော့


Google ရဲ့ security AI ဟာ အရမ်းကို စမတ်ကျလာပါပြီ။ သူဟာ အခုဆိုရင်တော့ သင်ဟာလူသားလား၊ စက်ရုပ်လားဆိုတာကို စိတ်ညစ်စရာပဟေဌိတွေ မေးနေစရာမလိုတော့ပါဘူး။
ကျွန်တော်တို့အားလုံး CAPTCHAs ကို ဖြတ်သန်းခဲ့ဖူးပါတယ်။ သူကတော့ သင်တို့ကို မြင်နေရတဲ့စလုံးလေးတွေကို ရိုက်ထည့်ရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အရှည်ကောက်ကတော့ Completely Automated Public Turing test to tell Computers and Humans Apart ဖြစ်ပါတယ်။ စက်ရုပ်တွေနဲ့ spam ပို့တဲ့သူတွေကလည်း ခေတ်မီတိုးတက်လာသလိုပဲ CAPTCHA တွေကလည်း ခက်သထက်ခက်လာပါတယ်။ သာမန်လူတွေတောင် ဖြေရှင်းနိုင်ဖို့ ခက်လာပါတယ်။ ဒါဟာ စိတ်ညစ်စရာအသေးစားလေး ဖြစ်ပါတယ်။ ဒါပေမယ့် နောင်ကို တွေ့ရမှာ မဟုတ်တော့ပါဘူး။

၂၀၁၄ တုန်းက Google  ဟာ ‘reCAPTCHA’ လို့ခေါ်တဲ့ ရိုးရိုး checkbox လေးကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Google ဟာ သင်လူသားဟုတ်မဟုတ်ဆိုတာကို သင့်ရဲ့အပြုအမူတွေကို လေ့လာဆန်းစစ်ပါတယ်။ (ဥပမာ စက်ရုပ်ဆိုရင် အလည်ခေါင်ကိုပဲ နှိပ်တဲ့အတွက် လူသားနဲ့ မတူပါဘူး)။ တကယ်လို့ သင့်မှာသာ သံသယဖြစ်စရာရှိမယ်ဆိုရင်တော့ သင့်ကို ရိုးရှင်းတဲ့ ပဟေဌိ မေးမှာပါ။ ဒါပေမယ့် အများစုကတော့ checkbox ပဲ ကြုံရလေ့ရှိပါတယ်။
အခုတော့ သူ့ရဲ့ AI ဟာ ပိုကောင်းလာပြီဖြစ်တဲ့အတွက် checkbox မလိုအပ်တော့ဘူးလို့ Google က ပြောလိုက်ပါပြီ။ ‘Invisible reCAPTCHA’ ကို ၀က်ဘ်ဆိုက်ရဲ့ ရှိနေပြီးသားခလုတ်ထဲမှာ ထည့်သွင်းထားပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ သူဟာ ပုန်းကွယ်နေမှာဖြစ်ပြီး သင်ဟာ Form ဖြည့်တာမျိုး ၊ Log in ၀င်တာမျိုးကို ကိုယ်တိုင်လုပ်တာဟုတ်မဟုတ် ၊ Auto လုပ်ဆောင်ပေးတဲ့ဆော့ဝဲသုံးလုပ်တာလားဆိုတာကို စောင့်ကြည့်နေမှာပါ (Javascript API ကိုလည်း ခေါ်သုံးနိုင်ပါတယ်)။
ဒါကြောင့် လူအများစုကတော့ ဒီနေရာမှာ လုံခြုံရေးစစ်ဆေးမှုရှိတယ်ဆိုတာကို မသိနိုင်တော့ပါဘူး။ “သံသယဖြစ်ဖွယ်အခြေအနေမျိုးကိုသာ” ပဟေဌိဖြေဖို့ မေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် developers တွေကတော့ ဒီအပြုအမူကို အဆင့်တစ်ခုရောက်အောင် ပြောင်းလဲနိုင်ပါတယ်။

Comments