Grab ရဲ့အငှားယာဉ်ဝန်ဆောင်မှု ရန်ကုန်မှာ စတင်


အငှား ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Grab ကို ရန်ကုန်မှာ စတင်လိုက်တယ်လို့ သိရပါတယ်။ Grab တက္ကစီ ဝန်ဆောင်မှုကို မတ်လ ၂၁ ရက်က စတင်စမ်းသပ်လိုက်တာလို့ ဆိုပါတယ်။
Google Play နဲ့ App Store မှ Grab အက်ပလီကေးရှင်းကို အခမဲ့ရယူနိုင်ပြီး GrabTaxi ကို sign up ပြုလုပ်
ကာ စမ်းသပ်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ www.grab.com/mm မှာလည်းစာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးသွင်းပြီးကြောင်းကို SMS သို့မဟုတ် in-app notification ကနေ တစ်ဆင့် သိရမယ်လို့ဆိုပါတယ်။
Grab အက်ပလီကေးရှင်းမှာ စာရင်းပေးသွင်းထားတဲ့ အငှားယာဉ်အားလုံးကို ငှားရမ်းခြင်းအတွက် လက်
ငင်းငွေချေစနစ်နဲ့ သတ်မှတ်ထားတဲ့ ကျသင့်ငွေကို ပေးချေရမှာဖြစ်ပါတယ်။

Comments