Huawei P10 lite ကို မတ်လ ၃၁ ရက်တွင် စတင်ရောင်းချမည်


Huawei P10 lite ကို မတ်လ ၃၁ ရက်မှာ စတင်ရောင်းချမယ်လို့ Huawei က အတည်ပြု လိုက်ပါတယ်။

အဲ့ဒီဟန်းဆက်မှာ ၅.၂ လက်မ 1080p resolution display နဲ့ octa-core A53 processor, Mali-T830MP2 GPU တို့ပါဝင်တဲ့ Kirin 658 chipset ကို အသုံးပြုထားပါတယ်။ RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်ပါတယ်။

P10 lite ရဲ့ ပင်မကင်မရာက 12MP ဖြစ်ပြီး f/2.2 lens နဲ့ ရိုက်ကူးနိုင်ပါတယ်။ Selfie ကင်မရာကတော့ 8MP ပါ။ Huawei က P10 ရဲ့ Portrait Selfie mode ကို P10 lite ကင်မရာ app မှာ ထည့်သွင်းပေးထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ selfie ဓာတ်ပုံတွေကို bokeh effect တွေနဲ့ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

Huawei P10 lite ရဲ့ ဘက်ထရီက 3,000mAh ဖြစ်ပြီး 18W fast charging ကို ထောက်ပံ့ပေးထားပါတယ်။ Android Nougat နဲ့ နောက်ဆုံးပေါ် EMUI 5.1 ကို အသုံးပြုထားပြီး knuckle gestures, Quik integration, Power Saver 5.0 စတဲ့ feature တွေကို ထည့်သွင်းပေးထားပါတယ်။

P10 lite ကို မတ်လ ၃၁ ရက်မှာ Midnight Black နဲ့ Platinum Gold ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက ၂၉၉ ပေါင်ပါ။

P10 နဲ့ P10 lite ကို မတ်လ ၃၁ ရက်မှာ ကမ္ဘာတစ်ဝန်းထံ ရောင်းချသွားမှာဖြစ်ပေမယ့် Plus မော်ဒယ်ကိုတော့ ဧပြီ ၇ ရက်နောက်ပိုင်းမှသာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Comments