Huawei ဖုန်းသစ်အား တစ်လစမ်းသပ် အသုံးပြုနိုင်မယ့် အစီအစဉ် ပြုလုပ်မည်


မတ်လ ၁၀ ရက်နေ့မှာထွက်ရှိမယ့် Huawei ရဲ့စမတ်ဖုန်းအသစ်ကို တစ်လစမ်းသပ်အသုံးပြု နိုင်မယ့် အစီအစဉ်တစ်ရပ်ကိုပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဲဒီအစီအစဉ်ကို Huawei Lover Experience လို့နာမည်ပေးထားတယ်လို့ဆိုပါတယ်။ Huawei ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာဖြစ်တဲ့ Huawei Mobile (MM) မှာ ၂၀၁၇ခုနှစ် မတ်လ (၃) ရက်နေ့မှ မတ်လ (၁၀) ရက်နေ့အထိ စမတ်ဖုန်းအသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဥာဏ်စမ်းဖြေဆိုရမယ့် ပို့စ်တွေကို တင်သွားမှာဖြစ်ပြီး အဖြေမှန်ကို Comment မှာ ရေးကာ ထိုပို့စ်ကို Like နဲ့ Share ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်ထားသူတွေကို Huawei မှ တာဝန်ရှိသူတွေက ကံစမ်းမဲနှိုက် ရွေးချယ်ပေးသွားမှာဖြစ်ပြီး စမ်းသပ်သုံးစွဲခွင့်ရမယ့်သူတွေကို မတ်လ ၁၀ ရက်နေ့မှာ ကြေညာပေးမယ်လို့ သိရပါတယ်။
ကြေညာခံရတဲ့သူတွေအနေနဲ့ Huawei စမတ်ဖုန်းသစ်ကို တစ်လ စမ်းသပ်ခွင့်ရမှာဖြစ်ပါတယ်။

Comments