လစဉ်ကြေး ကျပ် ၃၀၀၀ ပေးသွင်းပြီး အင်တာနက်မှ ကြည့်ရှုနိုင်သော iflix ၀န်ဆောင်မှုမိတ်ဆက်


တစ်လလျှင် လစဉ်ကြေး ကျပ် ၃၀၀၀ ပေးသွင်းပြီး အင်တာနက်မှ ကြည့်ရှုနိုင်သော iflix ၀န်ဆောင်မှုအား ပြည်တွင်းမိုဘိုင်းဖုန်းသုံးစွဲသူများအတွက် စတင်မိတ်ဆက်လိုက်သည်။ စတင်သုံးစွဲမှုအတွက် ရက် ၃၀ စာ အခမဲ့အသုံးပြုခွင့် ရရှိမှာဖြစ်သည်။ ၀န်ဆောင်မှုအား အသုံးပြုလိုသူများအနေဖြင့်www.iflix.com မှတဆင့်လည်းကောင်း၊ Google Play (သို့) Apple App Store မှ အက်ပလီကေးရှင်းကို ၄င်းတို့၏ ဖုန်း (သို့) တက်ဘ်လက်တွင် ဒေါင်းလုဒ်လုပ်ခြင်းမှတဆင့်လည်းကောင်း အကောင့်ဖွင့်နိုင်မည်ဖြစ်သည်။ email ဖြင့် ချိတ်ဆက်ပြီးအကောင့်ဖွင့်နိုင်သကဲ့သို့ ဖေ့ဘုတ်မှတဆင့်လည်း ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
အခမဲ့ တစ်လကြည့်ရှုခွင့်ကာလပြည့်သွားချိန်တွင် လစဉ်ကြေးပေးသွင်းကြည့်ရှုနိုင်ပြီး iflix တွင်သာ ကြည့်ရှုနိုင်သည့် သီးသန့် ရှိုးများ၊ ဆုရ ရုပ်သံစီးရီးများ၊ လူကြိုက်များသည့် ရုပ်ရှင်များ၊ ရေပန်းစားနေသည့် ပြည်တွင်း၊ ဒေသတွင်း ရုပ်ရှင်များ၊ ကလေးများအတွက် အစီအစဉ်များနှင့် အခြားသော အရာများစွာကို စုစည်းထားသည့် အလွန်ကြီးမားလှသော  Library ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဖြစ်သည်။ ဖုန်း၊ တက်ဘ်လက်၊ လက်ပ်တော့၊ ဒက်စ်တော့၊ တီဗီနှင့် အခြားချိတ်ဆက်၍ရသော device များ အပါအဝင် device အရေအတွက် ၅ ခုအထိ iflix ကို တစ်ပြိုင်တည်း အသုံးပြုနိုင်ပြီး ကြည့်ရှုပြီးသည်များကိုလည်း offline ပြန်လည်ကြည့်ရှုနိုင်ကြောင်း သိရသည် ။
လစဉ်ကြေးပေးသွင်းထားမှုကို မိသားစု (သို့) မိတ်ဆွေများနှင့် မျှဝေနိုင်ပြီး device ၂ ခုပေါ်တွင် တပြိုင်တည်း ကြည့်ရှုနိုင်သကဲ့သို့ တစ်နှစ်စာ လစဉ်ကြေးပေးချေမည်ဆိုလျှင် ၂ လစာ လျှော့ဈေးရရှိမည်ဖြစ်ပြီး တစ်နှစ်စာအတွက် ၃၀၀၀၀ ကျပ်သာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်းသိရသည်။

Comments