Instagram တွင်မသင့်တော်သည့် ဓာတ်ပုံများကို မှုန်ဝါးအောင် ပြုလုပ်၍ ဆင်ဆာဖြတ်တောက်မည်


Instagram မှာမသင့်တော်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မှုန်ဝါးအောင် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ တစ်ကယ်လို့ တစ်စုံတစ်ယောက်က post တစ်ခုကို report ပြုလုပ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် Instagram အဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ငြိနေရင် ပုံကို မှုန်ဝါးသွားအောင် ပြုလုပ်မှာပါ။
“ဒီဓာတ်ပုံမှာ လူအချို့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဒါမှမဟုတ် စော်ကားခံရတဲ့ အကြောင်းအရာ ပါဝင်တယ်”ဆိုတဲ့ စာတမ်းကို ဆင်ဆာဖြတ်ထားတဲ့ ဓာတ်ပုံမှာ မြင်ရမှာပါ။ Instagram ကအကြမ်းဖက်ခံရ
တယ်လို့ ယူဆရတဲ့ post တွေကို ပစ်မှတ်ထား ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ တိရစ္ဆာန်များစောင့်ရှောက်ရေး အဖွဲ့တွေက တိရစ္ဆာန်နဲ့ ပြုလုပ်တဲ့ စမ်းသပ်မှု ဓာတ်ပုံ၊ ဗီဒီယိုတွေ ဝေမျှလေ့ရှိ
ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာထောက်ထားမှု အသိပညာရေးမြှင့်တင်ရေး အဖြစ် ငတ်မွတ်ခေါင်းပါးခြင်း၊ စစ်ဘေးဒဏ်သင့် ဒေသတွေ ရိုက်ကူးပြထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို စတာတွေကို ဆင်ဆာဖြတ်တောက်သွားမယ်လို့ Instagram ကထုတ်ပြန်ခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတဲ့ post တွေကိုလည်း အနာဂတ်မှာ Instagram က ဆင်ဆာဖြတ်တောက်ဖွယ် ရှိပါတယ်။

Comments