Intel Chip ထည့်ထားတဲ့ စမတ်ရှူးဖိနပ်ကို xiaomi မိတ်ဆက်


နည်းပညာနဲ့ပတ်သတ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ xiaomi အနေနဲ့ 90 Minutes Ultra Smart Sportswear အမည်ရ smart shoe ဖိနပ်ကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ရှူးဖိနပ်ကို တရုတ် အခြေစိုက် ကုမ္ပဏီ Shanghai Runmi Technology နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ အားကစားသမားများ ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများအတွက် ပုံစံထုတ် ဖန်တီးထားတာ ဖြစ်ပါတယ်။ စမတ်ရှူးဖိနပ်မှာ Intel Chip ထည့်သွင်းထားပြီးChip ရဲ့ အရွယ်အစားဟာ အင်္ကျီကြယ်သီးတစ်လုံး အရွယ်လောက်သာ ရှိပါတယ်။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းများ ပြုလုပ်တဲ့ ဒေတာများကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ စမတ်ရှူးဖိနပ်ကို လေ၀င်လေထွက်ကောင်းမွန်အောင် ပြုလုပ်ထားပြီး အောက်ခံ ခြေနင်းပြားများဟာ လဲလှယ်နိုင်သလို ဘက်တီးရီးယားများကို ကာကွယ်ပေးနိုင်ပါတယ်။ စမတ် ရှူးဖိနပ်ရဲ့ အဓိက အစိတ်အပိုင်းမှာ Intel Curie Chip ဖြစ်ပြီး သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုများ၊ ပြေးတဲ့ အကွာအဝေး၊ အမြန်နှုန်း၊ ကယ်လိုရီလောင်ကျွမ်းမှုများကို သူက တိုင်းတာတွက်ချက်ပေးတာ ဖြစ်ပါတယ်။ စမတ်ရှူးဖိနပ်ဟာ တစ်ခါအားအပြည့်သွင်းထားရင် ရက်ပေါင်း ၆၀ အသုံးခံပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၄၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။အမျိုးသားများအတွက် အနက်နဲ့ အပြာရောင်၊ အမျိုးသမီးများအတွက် အနက်နဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အမှောင်ထဲမှာ လမ်းလျောက်တဲ့အခါမှာ အရောင်တောက်ပစေတဲ့ အထူးထုတ် အပြာရောင်ကိုလည်း ရောင်းချပေးသွားမယ်လို့ဆိုပါတယ်။

##### Credit Myanmar Mobile App...#####

Comments