၁၀.၅ လက်မ iPad သစ်ကို ဧပြီလ အစောပိုင်းတွင် မိတ်ဆက် ကြေညာဖွယ်ရှိ


Apple ဟာ ၁၀.၅ လက်မ iPad သစ် ထုတ်လုပ်မယ့် အစီအစဉ်ကို မတ်လတွင် စတင်ပြီး အဆိုပါ iPad သစ်ကို ဧပြီလ အစောပိုင်းမှာ ကျင်းပမယ့် Apple ရုံးချုပ်သစ် ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ထုတ်ကုန်မိတ်ဆက်ပွဲ တစ်ခုမှာ ပွဲထုတ်မိတ်ဆက် သွားဖွယ်ရှိတယ်လို့ Taiwan အခြေစိုက် supply chain ကုမ္ပဏီတွေက ပြောကြားလိုက်ပါတယ်။
၁၀.၅ လက်မ iPad ကို ပညာရေးနဲ့ စီးပွားရေး ကဏ္ဍတွေအတွက် ရည်ရွယ်ထားပြီး ၎င်းမှာ edge-to-edge display, virtual Home ခလုတ်သစ်နဲ့ အခြားအဆင့်မြှင့်တင်မှုတွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။
လတ်တလောမှာ tablet ရောင်းအား ကျဆင်းနေတာကြောင့် ၁၀.၅ လက်မ iPad ရဲ့ ကနဦး တင်ပို့ရောင်းချမှုဟာ မတ်လမှာ အလုံးရေ တစ်သန်းခန့်သာ ရှိနိုင်ပြီး ဒုတိယ သုံးလပတ်မှာ အလုံးရေ ၁.၂ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
အဆင့်မြှင့်ထားတဲ့ ၉.၇ လက်မ မော်ဒယ် တင်ပို့ရောင်းချမှုကတော့ တစ်လကို သုံးသန်းလောက်အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။

Comments