iPhone သို့မဟုတ် iPad ကို touchscreen MacBook အဖြစ် ပြောင်းနိုင်သော မူပိုင်ခွင့်ကို Apple ရယူထား

Mac ကွန်ပျူတာတွေမှာ touchscreen ပထမဆုံး စမ်းသပ်မှု ပြုလုပ်ဖို့ မကြာခင်က Apple က Touch Bar ကို ထုတ်လုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း Apple အနေနဲ့ iPhone ဒါမှမဟုတ် iPhone အတွက် dock တွေပါဝင်တဲ့ laptop ကိုထုတ်
လုပ်ဖို့ မူပိုင်ခွင့်ရယူ ထားသေးတယ်လို့ Apple Insider ကဖော်ပြခဲ့ပါတယ်။ ဥပမာတစ်ခုအနေနဲ့ laptop အတွက် storage, memory, graphics card နဲ့ပရိုဆက်ဆာ ထောက်ပံ့ပေးဖို့ iPhone ကို trackpad
နေရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ iPhone ကို trackpad အဖြစ်လည်း အသုံးပြုနိုင်မှာပါ။ Laptop မှာတော့ display နဲ့ ဘက်ထရီတွေပဲ ပါဝင်မှာပါ။ အဲဒီနည်းပညာက HP ရဲ့ LapDock နဲ့ဆင်ပါတယ်။
iPad အတွက် Apple မူပိုင်ခွင့်မှာတော့ display နေရာမှာ tablet ကိုထည့်သွင်းရမှာပါ။ အဲဒီ Laptop မှာတော့ ကိုယ်ပိုင် trackpad ပါဝင်ပါတယ်။ iPad အထောက်အပံ့ laptop ဟာ storage နဲ့ GPU စွမ်းရည် ပိုမိုအားကောင်း လာမယ်လို့ သိရပါတယ်။
Apple ကအဲဒီမူပိုင်ခွင့်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တင်ထားခဲ့တာပါ။ အခြားမူပိုင်ခွင့်တွေလိုပဲ ဒီထုတ်ကုန် အမျိုးအစားတွေကို ကုမ္ပဏီက ဈေးကွက်ကို တင်ပို့ ရောင်းချမယ်လို့ ယတိပြတ်မပြောနိုင်ပါဘူး။

Comments