Levis နှင့် Google ပူးပေါင်း ဖန်တီးထားသော Commuter စမတ်ဂျာကင်


Google အနေနဲ့ အရာဝတ္ထုတွေကို အပြန်အလှန်သဘောနဲ့ လက်ဟန်ဖြင့် ထိန်းချုပ် အသုံးပြုနိုင်တဲ့ မျက်နှာပြင်တွေအဖြစ် ပြောင်းလဲပေးနိုင်မဲ့ Project Jacquard ကို I/O မှာမိတ်ဆက် ခဲ့ဖူးပါတယ်။ အဲဒီ စီမံကိန်းမှာ Levis လည်း ပါဝင်တယ်လို့ Google က ထုတ်ပြန်ခဲ့ပါတယ်။
Google နဲ့ Levis တို့ပူးပေါင်း ဖန်တီးထားတဲ့ Commuter ဂျာကင်ကို ၂၀၁၆ မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ ဂျာကင်မှာ လျှပ်ကူးနိုင်တဲ့ အထည်သားနဲ့ Bluetooth ထုတ်ကုန်တစ်ခုကို တွဲဖက်ထားပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ ဂျာကင်ရဲ့ ဘယ်ဘက်အင်္ကျီလက်က အပ်ချည် ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဧရိယာမှာ လက်ဟန်အမျိုးမျိုး အသုံးပြုပြီး ထိန်းကျောင်းနိုင်ပါတယ်။


ဂျာကင်ဝတ်ဆင်သူက လက်ဟန်ကို အသုံးပြုပြီး အချိန်ကို ကြည့်တာ အပြင် တေးဂီတ ထိန်းချုပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဂျာကင်နဲ့ Project Jacquard လို့ခေါ်တဲ့ Android app ကိုအသုံးပြုပြီး လက်ဟန်တစ်ခု ချင်းစီအတွက် လုပ်ဆောင်ချက်တွေကို သတ်မှတ်နိုင်ပါတယ်။ နောက်ပိုင်းမှာ လက်ဟန်များစွာကို ထောက်ပံ့ပေးမယ်လို့ Levis ကပြောခဲ့ပါတယ်။ Levis အနေနဲ့ Commuter ဂျာကင်ကို စက်တင်ဘာလမှာ ဒေါ်လာ ၃၅၀ နဲ့ရောင်းသွားမှာပါ။
ဂျာကင်မှာ ပါဝင်တဲ့ Bluetooth ထုတ်ကုန်ရဲ့ ဘက်ထရီ သက်တမ်းက နှစ်ရက်ရှိပါတယ်။ ထုတ်ကုန်ကို အလွယ်တကူ ဖြုတ်ပြီး USB နဲ့အားသွင်းနိုင်ပါတယ်။ Levis ရဲ့ Commuter ဂျာကင်ဟာ ကုမ္ပဏီရဲ့ အခြား ဂျာကင်တွေလိုပဲ သက်သောင့်သက်သာရှိပြီး စတိုင်လ်ကျပါတယ်။ ဂျာကင်ရဲ့ ဘက်လက်မှာပါတဲ့ လက်ကြယ်သီးက touchscreen အဖြစ် အသုံးပြုနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါကြောင့် ဂျာကင်ကို လျှော်မယ်ဆိုရင် လက်ကြယ်သီးကို ဖြုတ်ထားရပါမယ်။

Comments