လျင်မြန်တဲ့ LTE နဲ့ Snapdragon 435 ပါဝင်တဲ့ Xiaomi Redmi 4X


လျင်မြန်တဲ့ LTE အမြန်နှုန်းနဲ့ Snapdragon 435 chip ပါဝင်တဲ့ Redmi 4X ကို Xiaomi က တရုတ်ဈေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။
Redmi 4X မှာ Redmi 4 အတိုင်း ၅ လက်မ 720p display ပါဝင်ပေမယ့် Snapdragon 435 chipset သစ်ကို အသုံးပြုထားပါတယ်။ Octa-core 1.4GHz A53 processor, Adreno 505 GPU တို့နဲ့အသုံးပြုနိုင်ပြီး လျင်မြန်တဲ့ LTE အမြန်နှုန်း (300Mbps downlink/100Mbps uplink) ကို ထောက်ပံ့ပေးထားပါတယ်။
ကျန်အချက်အလက်များက Redmi 4 နဲ့ဆင်တူပြီး 13MP ပင်မကင်မရာနဲ့ 5MP selfie ကင်မရာအပြင် Dual-SIM, VoLTE support, 4,100mAh ဘက်ထရီတို့နဲ့ အသုံးပြုနိုင်ပါတယ်။
Redmi 4X ကို 2GB/16GB နဲ့ 3GB/32GB ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ အရောင်တွေကတော့ Cherry Pink, Champagne Gold နဲ့ Matte Black တို့ ဖြစ်ပါတယ်။
တန်ဖိုးက 16GB မော်ဒယ်အတွက် ဒေါ်လာ ၁၀၀ ဖြစ်ပြီး 32GB မော်ဒယ်အတွက် ၁၃၀ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

Comments