မိနစ် ၂၀ အတွင်းအားအပြည့်သွင်းပေးနိုင်တဲ့နည်းပညာကို Meizu မိတ်ဆက်


မိနစ် ၂၀ အတွင်း ဖုန်းအား 100% အပြည့်သွင်းပေးနိုင်တဲ့ Super mCharge နည်းပညာကို Meizu စမတ်ဖုန်းကုမ္ပဏီကမိတ်ဆက်လိုက်ပါတယ်။

ဒီနည်းပညာကို 3000 mAh Batteryတပ်ဆင်ထားတဲ့ Meizu ရဲ့စမတ်ဖုန်းတစ်လုံးပေါ်မှာစမ်းသပ်ပြသွားတာပါ။ Meizu အပါအဝင်ဖုန်းထုတ်လုပ်သူတိုင်းက စမတ်ဖုန်း Battery နည်းပညာနဲ့ပတ်သက်ပြီး Level နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အပြိုင်ကြိုးစားနေကြတာပါ ။
ယခု Meizu ရဲ့ Super mCharge နည်းပညာကတော့ ၅ မိနစ်အတွင်း ၃၀ ရာခိုင်နှုန်း ၊ ၁၀ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်း ၊ ၁၅ မိနစ်အတွင်း ၈၅ ရာခိုင်နှုန်း ၊ မိနစ် ၂၀ လျှင် ၁၀၀ ရာခိုင်နှုန်းအထိ အမြန်ဆုံး အားသွင်းပေးနိုင်ပါတယ် ။ Meizu ရဲ့ Super mCharge အားသွင်းစနစ်ဟာ iPhone 7 အားသွင်းချိန်ထက် ၁၁ ဆပိုမြန်ပြီး Galaxy S7 ထက် အားသွင်းချိန် ၃.၆ ဆပိုမြန်ပါတယ် ။ ဒီနည်းပညာဟာ အားသွင်းနေစဉ်ဖုန်းရဲ့အမြင့်ဆုံးအပူချိန်ကို 39°C ထက်မပိုအောင်ထိန်းသိမ်းနိုင်ပြီး Qualcomm ရဲ့ Quick Charge စနစ်နဲ့အားသွင်းတာထက် အပူချိန်ပိုလျော့ပါတယ်။ Quick Charge 3.0 စနစ်ရဲ့အမြင့်ဆုံးအပူချိန်မှာ 44°C ထိရှိပါတယ်။

ဒီစနစ်ဖြင့်အားအပြည့်သွင်းဖို့ တခြားဖုန်းတစ်လုံးအားပြည့်ဖို့လိုအပ်တဲ့ လျှပ်စစ်စီးဆင်းမှုရဲ့တစ်ဝက်သာလိုအပ်ပါတယ် ။ ဖုန်းအားသွင်းချိန်မှာဖြစ်တတ်တဲ့အပူရှိန်လွန်ကဲမှုကိုထိန်းသိမ်းနိုင်တဲ့နည်းပညာပါဝင်တာကြောင့် ဖုန်းအားသွင်းရင်းနဲ့တောင် ဂိမ်းဆော့ အင်တာနက်သုံးစိတ်ချလက်ချလုပ်နိုင်မယ်လို့ Meizu ကဆိုပါတယ်။

55W fast-charging power စနစ်ဖြစ်တာကြောင့် Qualcomm ရဲ့ Quick Charge 3.0’s 18W နည်းပညာထက်ပိုမိုဆန်းသစ်မှုရှိပါတယ်။ Meizu ရဲ့ super mCharge စနစ်ဟာ Optimized Charge Pump Technology ပေါ်မှာအခြေခံထားပြီး ဒီအားသွင်းစနစ်ပါမယ့်စမတ်ဖုန်းတွေကို 160W support လုပ်တဲ့ Data Cable နဲ့ပဲအားသွင်းရမှာပါ။ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာထွက်ရှိမယ့် Meizu စမတ်ဖုန်းတွေမှာတော့ ဒီနည်းပညာပါဝင်လာဖွယ်ရှိပါတယ်။

### Credit Myanmar Mobile App...###

Comments