Mentions နဲ့ Message Reactions ကို Facebook Messenger မိတ်ဆက်


ဗီယက်နမ်မှာ စမ်းသပ်ခဲ့တဲ့ Facebook Messenger feature နှစ်မျိုးကို Facebook က ကမ္ဘာတစ်ဝန်းမှာ
ရှိတဲ့ သုံးစွဲသူတွေထံ ဖြန့်ချိပေးလိုက်ပါတယ်။
သုံးစွဲသူတွေဟာ အခုအခါ group chat တစ်ခုမှာရှိတဲ့ သူငယ်ချင်းတွေကို @mention လုပ်နိုင်ပါပြီ။ Group chat တစ်ခုမှာ @ သင်္ကေတနဲ့အတူ သူငယ်ချင်းရဲ့နာမည် ဒါမှမဟုတ် nickname ကို ရိုက်ထည့်ရုံနဲ့ mention လုပ်နိုင်ပြီး notification ကို mention လုပ်ခံရသူထံ ပေးပို့သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် message တစ်ခုကို love, smile, wow, sad, angry, thumbs-up, thumbs-down emoji
တွေနဲ့ reply လုပ်နိုင်မယ့် News Feed Reactions ကိုလည်း Facebook က Messenger မှာ ထည့်သွင်း
လိုက်ပါတယ်။ ဒါကြောင့် message တစ်ခုအပေါ် ကိုယ့်ရဲ့ထင်မြင်ချက်ကို Reaction တွေနဲ့ ရိုးရှင်းစွာ
ဖော်ပြနိုင်ပါပြီ။
Message တစ်ခုကို Reaction ပေးမယ်ဆိုရင် message ကို နှိပ်ပြီး ဖိထားရပါမယ်။ Reactions menu
ပေါ်လာတဲ့အခါ နှစ်သက်ရာတစ်ခုကို ရွေးချယ်လိုက်ရုံပါပဲ။ Message ပေါ်က reaction အမျိုးမျိုးရဲ့ counter တစ်ခုကို လူတိုင်းက မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ counter ကို နှိပ်လိုက်တဲ့အခါမှာ Reaction ပေးထား
သူတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ Reactions တွေကို တစ်ယောက်ချင်း chat လုပ်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။
လက်မအောက်စိုက်ထားတဲ့ “Thumbs-down” Reaction ကတော့ Facebook ရဲ့ ပထမဆုံး “Dislike button” လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီ Reaction ကို Facebook က “No” Reaction လို့ သုံးနှုန်း
ထားပါတယ်။

Comments