မတ်လအတွင်းမှာ ကျင်းပမယ့် MPT နယ်လှည့်ဖျော်ဖြေပွဲ


တိုင်းဒေသကြီးနဲ့ပြည်နယ် ၇ ခုမှာ MPT နယ်လှည့်ဖျော်ဖြေရေးပွဲတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။
ထားဝယ်၊ ကော့သောင်း၊ မြိတ်၊ ပျဉ်းမနား၊ မုံရွာ၊ ဒလ၊ အောင်လံ၊ ပန်းတောင်း၊ ပြည်၊ ညောင်ရွှေ၊ ကလော၊ ညောင်ဦး၊ ပခုက္ကူ၊ ကန့်ဘလူ၊ ကောလင်းနဲ့ ကသာမြို့များအပါအ၀င် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အသီးသီး ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ဖို့လည်း အဆိုပါဖျော်ဖြေပွဲတွေမှာ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

Comments