MWC 2017 မှာ အကောင်းဆုံး စမတ်ဖုန်းသစ် ဆုရခဲ့တဲ့ Sony Xperia XZ Premium


ဘာစီလိုနာမှာ နှစ်စဉ်ကျင်းပ ပြုလုပ်တဲ့ Mobile World Congress ပြပွဲမှာ ကဏ္ဍအမျိုးမျိုးက အကောင်းဆုံး နည်းပညာ ကုမ္ပဏီတွေကို နှစ်စဉ် ဆုချီးမြှင့်လေ့ရှိပါတယ်။
၂၀၁၆ ခုနှစ်က အကောင်းဆုံး စမတ်ဖုန်းဆုကို Samsung က ရရှိခဲ့ပြီး ဒီနှစ်မှာတော့ Sony က Xperia XZ Premium စမတ်ဖုန်းနဲ့ အကောင်းဆုံး စမတ်ဖုန်းသစ်ဆုကို ရရှိသွားခဲ့ပါတယ်။
MWC 2017 မှာ Sony က Xperia XZ Premium, Xperia XZs, Xperia XA1 နဲ့ Xperia XA1 Ultra စတဲ့ ထုတ်ကုန်သစ်လေးမျိုးကို ပွဲထုတ်ပြသခဲ့ပါတယ်။ Xperia XZ Premium မှာ ၅.၅ လက်မ display နဲ့ 4K display ပါဝင်ပြီး Snapdragon 835 CPU နဲ့ အဆင့်မြှင့်ထားတဲ့ 19MP ကင်မရာတို့ကို အသုံးပြုထားပါတယ်။ Slow-mo ဗီဒီယိုတွေကို 960fps နဲ့ ရိုက်ကူးဖို့အတွက် Motion Eye နည်းပညာကို ထောက်ပံ့ပေးထားပါတယ်။
ဒါ့အပြင် Amazon က Amazon Echo နဲ့ Disruptive Device Innovation ဆု၊ Niantic က Pokemon အတွက် Choice Mobile App ဆု၊ Reliance Jio နဲ့ Samsung တို့က Best Mobile Innovation of Emerging Markets ဆု အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။

Comments