Nokia 7 နဲ့ Nokia 8 မှာ Snapdragon 660 ပါဝင်ပြီး သတ္တုဒီဇိုင်းသစ်နဲ့ တွေ့မြင်ရမည်ဟုဆို


အသစ်ထွက်မယ့် Nokia 7 နဲ့ Nokia 8 မှာ Snapdragon 653 နေရာဆက်ခံမယ့် Snapdragon 660 ပါဝင်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
Nokia 8 မှာ အရွယ်ပိုကြီးတဲ့ screen နဲ့ QHD resolution ပါဝင်ပြီး အရွယ်ပိုသေးတဲ့ Nokia 7 ကိုတော့ 1080p နဲ့ သုံးနိုင်မယ်လို့ ဆိုပါတယ်။
အဲ့ဒီ စမတ်ဖုန်းသစ်နှစ်မျိုးစလုံးရဲ့ bezel တွေက အလွန်သေးငယ်ပြီး သတ္တုစပ်ဒီဇိုင်းသစ်နဲ့ တွေ့မြင်ရဖွယ်ရှိပါတယ်။ ကင်မရာဒီဇိုင်းကလည်း Nokia 3, Nokia 5, Nokia 6 တို့နဲ့ ကွာခြားတယ်လို့ သိရပါတယ်။
ဒါ့အပြင် Nokia 7 နဲ့ Nokia 8 မှာ လက်ဗွေဖတ်စနစ်များ၊ လျင်မြန်တဲ့အားသွင်းစနစ်နဲ့ ပိုကြီးတဲ့ ကင်မရာ sensor တွေ ပါဝင်မယ်လို့လည်း ဆိုပါတယ်။
Nokia 9 လို့ခေါ်ဆိုမယ့် ဖုန်းမှာတော့ Snapdragon 835 ကို အသုံးပြုဖွယ်ရှိပါတယ်။
Nokia 7, Nokia 8 နဲ့ Nokia 9 တို့ကို မေလ ဒါမှမဟုတ် ဇွန်လမှာ မိတ်ဆက်ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

Comments