Nokia Android ဖုန်းသစ်များကို ဈေးကွက် ၁၂၀ တွင် တစ်ပြိုင်တည်း ရောင်းချမည်

HMD Global ဟာ Nokia 6, Nokia 5 နဲ့ Nokia 3 Android စမတ်ဖုန်းသစ်တွေကို classic Nokia 3310 feature ဖုန်း ဗားရှင်းသစ်နဲ့အတူ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ Mobile World Congress 2017 မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ အဲ့ဒီတုန်းက Nokia 6 ကို ကမ္ဘာတစ်ဝန်းထံ တင်ပို့ရောင်းချသွားမယ်လို့ HMD က ပြောကြားခဲ့ပေမယ့် အချိန်ကာလကိုတော့ မကြေညာခဲ့ပါဘူး။ အခုအခါမှာတော့ အဲ့ဒီစမတ်ဖုန်း အ
သစ်တွေ ရောင်းချမယ့်အစီအစဉ်အချို့ကို ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
NokiaPowerUser ထံ ပေးပို့ခဲ့တဲ့ ကြေညာချက်အရ HMD အနေနဲ့ Nokia 6, Nokia 5 နဲ့ Nokia 3 တို့ကို ၂၀၁၇ ဒုတိယသုံးလပတ်မှာ ဈေးကွက် ၁၂၀ ထံ တစ်ပြိုင်နက် တင်ပို့ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ HMD ဟာ Nokia 6 ကို ဒီနှစ်အစောပိုင်းက တရုတ်ဈေးကွက်မှာပထမဆုံး ရောင်းချခဲ့ပါတယ်။
တန်ဖိုးကတော့ Nokia 3 အတွက် ၁၃၉ ယူရိုဖြစ်ပြီး Nokia 5 အတွက် ၁၈၉ ယူရို ကျသင့်ပါမယ်။ လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံး Nokia ဖုန်းဖြစ်တဲ့ Nokia 6 ရဲ့တန်ဖိုးက ၂၂၉ ယူရိုဖြစ်ပါတယ်။ Nokia 3310 (2017) feature ဖုန်းကိုတော့ ၄၉ ယူရိုနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Comments