Pixel နေရာဆက်ခံမယ့် စမတ်ဖုန်း ၃ မျိုး Google ဖန်တီးနေဟုဆို


ပီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Pixel စမတ်ဖုန်းနေရာဆက်ခံမယ့် ဟန်းဆက်သုံးမျိုးကို Google က ဖန်တီးနေတယ်လို့ Droid Life က ဖော်ပြလိုက်ပါတယ်။
အဆိုပါ ဟန်းဆက်သုံးမျိုးကို Google က muskie, walleye နဲ့ taimen ဆိုပြီး အမည်ပေးထားတယ်လို့ ဆိုပါတယ်။
“taimen” မှာ အခြားနှစ်ခုထက် အရွယ်ကြီးမားတဲ့ screen တစ်ခုပါဝင်တယ်လို့လည်း Droid Life ရဲ့ ရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Google I/O မှာ ပွဲထုတ်မိတ်ဆက်ဖွယ်ရှိတဲ့ Android O ကို အဲ့ဒီစမတ်ဖုန်းတွေမှာ တွေ့မြင်ရမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
Pixel 2 ရဲ့ အချက်အလက်၊ ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရှိရသေးပါဘူး။

Comments