ကုမ္ပဏီရဲ့ ပထမဆုံး processor ပါဝင်တဲ့ Mi 5C ကို Xiaomi မိတ်ဆက်


တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ Xiaomi က ကုမ္ပဏီထုတ် ပထမဆုံး Surge S1 processor ပါဝင်တဲ့ Mi 5C ကို မိတ်ဆက်ကြေညာ ခဲ့ပါတယ်။
Mi 5C ကို Gold, Black, Roase Gold ဆိုပြီး အရောင်သုံးမျိုးနဲ့ ရနိုင်ပါတယ်။ တန်ဖိုးက ၂၁၈ ဒေါ်လာဖြစ်ပြီး မတ်လ ၃ ရက်မှစတင်ကာ တရုတ်နိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။
Xiaomi Mi 5C မှာ ၅.၁၅ လက်မ full HD (1920 x 1080 pixels) curved glass display ပါဝင်ပါတယ်။ 2.2GHz Xiaomi Surge S1 64-bit Octa-Core processor, quad-core Mali-T860 GPU တို့နဲ့ သုံးနိုင်ပါတယ်။ RAM က 3GB ဖြစ်ပြီး internal storage က 64GB ပါ။ MicroSD card ကနေတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။
Dual SIM စမတ်ဖုန်းဖြစ်ပြီး Android Marshmallow operating system ကို အသုံးပြုထားပါတယ်။ မတ်လမှာတော့ Android 7.1 Noguat ကိုအခြေခံထားတဲ့ MIUI 8 update ကို အဆင့်မြှင့်တင်နိုင်မယ်လို့ ဆိုပါတယ်။
ဘက်ထရီက 2,860mAh ဖြစ်ပြီး တစ်နေကုန်သုံးနိုင်မယ်လို့ သိရပါတယ်။ ဖုန်းရဲ့ဒီဇိုင်းကို သတ္တုစပ်ကိုယ်ထည်နဲ့ ဖန်တီးထားပြီး Home ခလုတ်မှာ fingerprint sensor ကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။
Xiaomi Mi 5C ရဲ့ ကျောဘက်မှာ 12-megapixel autofocus ကင်မရာနဲ့ LED flash ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 8-megapixel ဖြစ်ပါတယ်။ ချိတ်ဆက်မှုအပိုင်းအနေနဲ့ 4G VoLTE, Bluetooth 4.1, WiFi (802.11 b/g/n), GPS with AGS/GLONASS, 3.5mm audio jack, FM radio နဲ့ USB Type C တို့ပါဝင်ပါတယ်။ ဟန်းဆက်အရွယ်အစားက ၁၄၄.၃၈ x ၆၉.၆၈ x ၇.၀၉ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၅ ဂရမ် ဖြစ်ပါတယ်။

Comments