RAM 6GB ထည့်သွင်းပေးထားသည့် Galaxy C9 Pro စမတ်ဖုန်းကို Samsung မိတ်ဆက်


ပထမဆုံး RAM 6GB ထည့်သွင်းထားသည့် စမတ်ဖုန်းဖြစ်သော Galaxy C9 Pro ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပြီး ယနေ့စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
Galaxy C9 Pro ကို သတ္တုကိုယ်ထည်ဖြင့် ဖန်တီးထားပြီးသာမန် စမတ်ဖုန်းတစ်လုံးထက် ပိုမိုသည့် စွမ်းဆောင်ချက်များထည့်သွင်းထားကာ အကောင်းမွန်ဆုံး ဖန်သားမျက်နှာပြင်၊ ဖုန်းတွင်း မှတ်ညဏ်နှင့် အကောင်းမွန်ဆုံးသော ဖျော်ဖြေရေးဆိုင်ရာ ကြည့်ရှုမှုအတွေ့အကြုံနှင့် ထင်ရှား ပြတ်သားသည့် ရုပ်ပုံများကို ကြည့်ရူခံစားနိုင်မည်ဖြစ်သည်။ 6.9mm အထူရှိသော သတ္တုကိုထည်ပြည့်ဒီဇိုင်းဖြင့်ပြုလုပ်ပေးထားပြီးမျက်နှာပြင် ၆ လက်မအရွယ်အစားရှိ ကာ ပေါ့ပါးသည့်အလေးချိန်ဖြစ်အောင် ပြုလုပ်ပေးထားသည်။ လုပ်ဆောင်ချက်များကို အဆင်ပြေစွာ တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်မည့် multi-tasking အသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်သည့် စွမ်းအားမြင့် 6GB RAM နှင့် ဖုန်းတွင်းမှတ်ဥာဏ် 64GB ကိုထည့်သွင်းပေးထားပြီး 256 GB အထိ ထပ်မံ တိုးချဲ့ နိုင်မည်ဖြစ်သည်။ ကြည်လင်ပြတ်သားသည့် ဓာတ်ပုံများရရှိနိုင်ရန် စွမ်းဆောင်ပေးနိုင် သည့် F1.9 aperture နှင့်အတူ 16MP အရည်အသွေးရှိ အရှေ့ကင်မရာနှင့်အနောက်ကင်မရာတို့ကို ထည့်သွင်းပေးထားသည်။ ကြာရှည်ခံသည့် 4,000 mAh ဘက်ထရီနှင့်အတူ ဂိမ်းကစားသူများနှင့်ဖျော်ဖြေ ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို အဆင်ပြေစွာအသုံးပြုနိုင်မည့် လျှင်မြန်စွာ အားသွင်းနိုင်သော စနစ်ကိုလည်းထည့်သွင်းပေးထားသည်။
အဆိုပါ Galaxy C9 Pro ကို ၇သိန်းနှစ်သောင်းဝန်းကျင်ဖြင့် ယနေ့မှစတင်ကာ Samsung Brand Shop များနှင့်အရောင်းဆိုင်ကြီးများတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ စတင်ရောင်း ချခြင်း အထူးအစီအစဉ်အနေဖြင့် ၀ယ်ယူသူတိုင်းကို Gift box,10,000 mAh Power Bank, tempered glass တို့ကိုလက်ဆောင်ပေးသွားမှာဖြစ်ပြီး Telenor နှင့်ပူးပေါင်း၍ ၆လဆက်တိုက် တစ်လ လျှင် ၃၀၀၀ နှင့်အထက်ငွေဖြည့်ပါက လစဉ် 1GB Data ကို အခမဲ့ရရှိမည်ဖြစ်သည်။ ပရိုမိုးရှင်း ကာလမှာ စတင်ရောင်းချသည့်ရက်မှ ၆လ အတွင်းဖြစ်သည်။ ထို့အပြင် C9 Pro ကို CB Bank မှ တဆင့် ၆လအရစ်ကျပေးသွင်းဝယ်ယူယူနိုင်ရန် ပြုလုပ်ပေးထားသည် ဟုလည်းသိရသည်။ အရောင် အနေဖြင့် အနက်ရောင် ၊ရွှေရောင်နှင့် ပန်းရွှေရောင် ဟူ၍ မိမိကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Comments