Samsung Galaxy S8 ကို ရွှေရောင်အပြင် အရောင်များစွာနှင့် ထုတ်လုပ်မည်ဟုဆို


Samsung အနေနဲ့ Galaxy S8 စမတ်ဖုန်းသစ်ကို ရွှေရောင်အပြင် သက်တံရောင်အတိုင်း အရောင်မျိုးစုံနဲ့ ထုတ်လုပ်မယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Galaxy S8 ကို မတ်လ ၂၉ ရက် နယူးယောက်မှာ ထုတ်ဖော်မိတ်ဆက် သွားမှာပါ။ လက်ရှိမှာ Galaxy S8 လို့ ယူဆရတဲ့ ဖုန်းတွေကို အနက် သို့မဟုတ် ငွေရောင်နဲ့ ဖော်ပြနေကြပါတယ်။ TechDroider ဝက်ဘ်ဆိုက်ကလည်း Galaxy S8 လို မျက်နှာပြင်လို့ ယူဆရတဲ့ပုံကို Twitter မှာဖော်ပြခဲ့ပါသေးတယ်။ အသစ်ထွက်ရှိမဲ့ Galaxy S8 ကို အနက်၊ အဖြူ၊ အပြာ၊ ရွှေနဲ့ ငွေတို့နဲ့ ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် S8 နဲ့ S8 Plus ကို ရွှေနဲ့ ငွေရောင်ဆိုပြီး ဖော်ပြထားတဲ့ဓာတ်ပုံတွေကို Techdroider က tweet ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က မိုဘိုင်းထုတ်ကုန် အချက်အလက်ကို မှန်ကန်အောင် ခန့်မှန်းပေးနိုင်တဲ့ ရိုလန်ကွေ့တ်က Galaxy S8 ခရမ်းရောင် ထွက်ရှိမယ်လို့ ပြောခဲ့ပါသေးတယ်။
လက်ရှိမှာ Galaxy S7 နဲ့ S7 Edge ကို အနက်နဲ့ ရွှေပလက်တီနမ်ဆိုပြီး နှစ်မျိုးပဲ ထုတ်လုပ်ထားပါတယ်။ ဒါပေမဲ့ Samsung ဟာ ထူးခြားတဲ့ အရောင်နဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ခဲ့ပါတယ်။

Comments