Samsung Galaxy Tab S3 tablet ကို ဒေါ်လာ ၆၀၀ ဖြင့် ရောင်းချမည်


ပြီးခဲ့တဲ့လက မိတ်ဆက်ပေးခဲ့တဲ့ Galaxy Tab S3 လက်လီရောင်းဈေးက ဒေါ်လာ ၆၀၀ ဖြစ်ပြီး မတ်လ ၁၇ မှစတင်ကာ ကြိုတင်မှာယူနိုင်တယ်လို့ Samsung က တရားဝင် ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
အဲ့ဒီ နောက်ဆုံးပေါ် tablet ကို မတ်လ ၂၄ ရက်ကစတင်ပြီး Samsung.com, Best Buy, Amazon နဲ့ အခြား လက်လီအရောင်းဆိုင်တွေကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Tab S3 မှာ သီးခြားဝယ်ယူပြီးသုံးနိုင်တဲ့ Pogo keyboard အတွက် အထောက်အပံ့ပါဝင်ပါတယ်။ အဲ့ဒီ keyboard ကို မတ်လ ၂၄ ရက်စပြီး ဒေါ်လာ ၁၃၀ နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
Galaxy Tab S3 မှာ 2048 x 1536 resolution ထောက်ပံ့ပေးနိုင်တဲ့ ၉.၇ လက်မ Super AMOLED display ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 13-megapixel ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5-megapixel ပါ။ သိုလှောင်မှုပမာဏ 32GB ဖြစ်ပြီး microSD ကနေ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ RAM က 4GB ဖြစ်ပြီး ဘက်ထရီက 6,000mAh ဖြစ်ပါတယ်။ Qualcomm Snapdragon 820 processor, Android 7.0 Nougat တို့နဲ့ သုံးနိုင်ပြီး Vulkan Games API အတွက် အထောက်အပံ့ ပါဝင်တယ်လို့ သိရပါတယ်။

Comments