ခေါက်နိုင်တဲ့စမတ်ဖုန်းများကို ၂၀၁၇ တတိယ သုံးလပတ်မှာ စတင်ထုတ်လုပ်မယ့် Samsung


Samsung ကုမ္ပဏီဟာ ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းရှေ့ပြေးပုံစံ ထောင်ပေါင်းများစွာကို ၂၀၁၇ တတိယ သုံးလပတ်မှာ စတင်ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။
Samsung ဟာ curved, bent, foldable, rollable ဆိုပြီး အဆင့်လေးဆင့်ပါတဲ့ ခေါက်ထားနိုင်တဲ့ screen နည်းပညာကို မိတ်ဆက်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲ့ဒီအထဲက အချို့ကို ဈေးကွက်ထဲမှာ တွေ့မြင်နေရပြီးဖြစ်ပေမယ့် ကိုရီးယားကုမ္ပဏီက စမတ်ဖုန်းတစ်မျိုးရဲ့ ရှေ့ပြေးပုံစံတစ်မျိုးကို ဖန်တီးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
ရှေ့ပြေးပုံစံ ထွက်ရှိလာပြီး ဈေးကွက်နဲ့ လက်လီအရောင်းဆိုင်တွေရဲ့ သဘောထား ထင်မြင်ချက်ချက်များ လက်ခံရရှိပြီးတဲ့နောက် ကုမ္ပဏီအနေနဲ့ အလုံးအရင်းနဲ့ ထုတ်လုပ်မယ့်အချိန်ကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

Comments