Sapphire display ပါဝင်တဲ့ limited-edition U Ultra ကို HTC ပွဲထုတ်မိတ်ဆက်


အလွန်ခိုင်ခံ့တဲ့ sapphire glass display ပါဝင်တဲ့ limited-edition U Ultra စမတ်ဖုန်းကို HTC က ပွဲထုတ်
မိတ်ဆက်လိုက်ပါတယ်။ ဒီစမတ်ဖုန်းကို အခုအခါ Taiwan မှာ ကြိုတင်မှာယူနိုင်ပြီလို့ HTC က ကြေညာ
ခဲ့ပါတယ်။

HTC ဟာ U Ultra ကို ဇန်နဝါရီလမှာ ပွဲထုတ်မိတ်ဆက်ခဲ့စဉ်ကတည်းက sapphire ဗားရှင်းကို နောက်ပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ Sapphire ဗားရှင်းကို blue, black, white, pink စတဲ့ အရောင်လေး
မျိုးနဲ့ ရရှိနိုင်ပြီး အရင်ဗားရှင်းနဲ့မတူတာက အရှေ့ဘက်မှာ Gorilla Glass အစား sapphire ကို အသုံးပြု
ထားခြင်းဖြစ်ပါတယ်။ သိုလှောင်မှုပမာဏက 128GB ပါ။


Sapphire edition U Ultra ရဲ့ တန်ဖိုးက ဒေါ်လာ ၉၂၀ ဝန်းကျင်ဖြစ်ပြီး မူရင်းဗားရှင်းထက် ဒေါ်လာ ၁၇၀ ခန့် ပိုများတယ်လို့ သိရပါတယ်။

Comments