Secret Chats စွမ်းဆောင်ချက်ကိုထည့်သွင်းပေးလိုက်တဲ့ viber


ကမ္ဘာအ၀န်းမှာ အသုံးပြုသူသန်း ၈၀၀ ကျော်ရှိတဲ့ Viber အနေနဲ့ Users များအတွက် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ကာကွယ်ပေးနိုင်တဲ့ Secret Chats စွမ်းဆောင်ချက်ကိုစတင် ထည့်သွင်းပေးလိုက်ပါတယ်။ Viberကိုအာရှ၊ အရှေ့ ဥရောပနဲ့ မြောက်အာဖရိက နိုင်ငံများမှာအများဆုံးအသုံးပြုနေကြ ပါတယ်။ Secret Chats ရဲ့လုပ်ဆောင်မှုဟာ သုံးစွဲသူ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Chat ကိုအလိုအလျောက် ဖျက်ဆီး ပေးမှာ ဖြစ်ပါတယ်။ Secret Chats မှာပေးပို့ထားတဲ့ Messages များကိုလည်း Forward ပြုလုပ်လို့ မရအောင် ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင် တစ်ဖက် လူက Screenshot ရိုက်ရင်လည်းသင့်ကိုအသိပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရများ၊ ဟက်ကာများကသင့်ရဲ့ Messages များကို ကြားဖြတ် ခိုးယူလို့ မရအောင် လည်း Encrypt လုပ်ပေးထားပါတယ်။
Viberအနေနဲ့ ယခုနှစ် အစောပိုင်းမှာလည်းသတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ပေးပို့လိုက်တဲ့ Message များကိုအလိုအလျောက် ဖျက်ဆီးပေးတဲ့ Secret Messages စွမ်းဆောင်ချက်ကိုလည်းထည့်သွင်းပေးခဲ့ပါတယ်။ Viberရဲ့ Secret Chats ကို Android နဲ့ iOS ၂ မျိုးစလုံးအတွက် ဖြန့်ချီပေးမှာ ဖြစ်ပါ တယ်။

Comments