Snapchat ရဲ့ Stories ဆင်တူတဲ့ Messenger Day စွမ်းဆောင်ချက်ကိုfacebook မိတ်ဆက်


လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Facebook ဟာ Snapchat ရဲ့ Stories စွမ်းဆောင်ချက်နဲ့ ဆင်တူတဲ့ Messenger Day စွမ်းဆောင်ချက်ကို ကမ္ဘာအနှံ့မှာရှိတဲ့ Android နဲ့ iOS သုံးစွဲသူ များအတွက်စတင် မိတ်ဆက်ပေးလိုက်ပါတယ်။ Messenger Day စွမ်းဆောင်ချက်ဟာ Facebook Messenger ရဲ့ ကင်မရာကနေ ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးပြီး ဓါတ်ပုံမှာ စာသားများ၊ လက်ရေးစာများ၊ ကာတွန်းပုံများ၊ မျက်နှာအတွက် Filters များကို ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။ပြုပြင်ထားတဲ့ တစ်နေ့လျှင် Messenger Day အတွက် ဓါတ်ပုံ၊ ဗီဒီယိုတစ်ခုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ Messenger Day အတွက် ပြုလုပ်ထားတဲ့ ဓါတ်ပုံ၊ ဗီဒီယိုကို တွေ့မြင်စေချင်သူများကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်နိုင်ဖို့အတွက် Messenger ရဲ့ Settings>My Day > Custom ထဲမှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဓါတ်ပုံများကို My Day မှာ ထည့်သွင်းနိုင်ပြီး သူငယ်ချင်းများက Messenger မှာ ကြည့်ရှုနိုင်ပါတယ်။ ပြီးရင်တော့ ၂၄ နာရီအတွင်းမှာ ဖျက်ပေးမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး စွမ်းဆောင်ချက်ကို Snapchat က အရင်ဆုံး ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ Facebook ပိုင်ဆိုင်တဲ့ Instagram နဲ့ WhatsApp က တုပလုပ်ဆောင်ပေးခဲ့ပါတယ်။ Messenger Day ကို Facebook က ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတဲ့အတွက် သင့် စမတ်ဖုန်းမှာ မရရှိသေးရင် အချိန်အနည်းငယ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ပိုလန်နဲ့သြစတေးလျမှရှိတဲ့ facebook သုံးစွဲသူတွေဟာ စမ်းသပ်သုံးစွဲနိုင်နေပါပြီ။

Comments