Super Mario Run ကို Android အတွက် မတ်လ ၂၃ ရက်တွင် ဖြန့်ချိမည်


မိုဘိုင်း ထုတ်ကုန်တွေအတွက် Nintendo ရဲ့ ပထမဆုံး Mario ဂိမ်းဖြစ်တဲ့ Super Mario Run ကို မတ်လ ၂၃ ရက်မှ စတင်ကာ Google Play Store ကနေတစ်ဆင့် Android platform များအတွက် ဖြန့်ချိသွားမယ်လို့ Nintendo က ကြေညာလိုက်ပါတယ်။

မတ်လ ၂၃ ရက်မှာ Super Mario Run ရဲ့ iOS version ကို version 2.0.0 ထံ update လုပ်နိုင်မယ်လို့လည်း Nintendo က ပြောကြားခဲ့ပါတယ်။ အဲ့ဒီ update မှာ Super mario Run ရဲ့ ဇာတ်ကောင်သစ်တွေ ပါဝင်လာမှာပါ။ ကစားသူတွေအနေနဲ့ အခမဲ့ဗားရှင်းက Bowser ရဲ့ challenge တစ်ခုကို ပြီးအောင်ကစားမယ်ဆိုရင် World 1-4 ကို unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ Super Mario Run ရဲ့ ပထမဆုံး level သုံးခုကိုပဲ အခမဲ့ကစားနိုင်ပါတယ်။

Super Mario Run ရဲ့ iOS version ကို ၂၀၁၆ ဒီဇင်ဘာလမှာ ဖြန့်ချိပေးခဲ့ပါတယ်။ အဲ့ဒီနောက် Android version ကို ၂၀၁၇ မတ်လမှာ ဖြန့်ချိသွားမယ်လို့ Nintendo က ကြေညာခဲ့ပါတယ်။

Comments