Twitter က ထွက်ပေါ်လာတဲ့ ကြော်ငြာဓာတ်ပုံ တစ်ခုအရ TAG Heuer ဟာ Android Wear ထုတ်ကုန်သစ် တစ်ခုကို မတ်လ ၁၄ ရက်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ကြော်ငြာဓာတ်ပုံမှာ feature တွေနဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် TAG Heuer အနေနဲ့ modular ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ စမတ်နာရီတစ်မျိုးကို မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အဲ့ဒီစမတ်နာရီသစ်ရဲ့ တန်ဖိုးဟာ မြင့်မားဖွယ်ရှိပြီး ဒေါ်လာ ၁,၅၀၀ နဲ့ ရောင်းချနေတဲ့ TAG Heuer Connected ထက် ဈေးပိုကြီးမယ်လို့ သိရပါတယ်။
Comments
Post a Comment