ခြင်ပြေးစေမယ့် စနစ်တွေပါဝင်တဲ့ TV နှင့် Aircon ကို ပြည်တွင်းတွင်မိတ်ဆက်


LG ကနေ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ ခြင်အန္တရာယ်မှ ကင်းဝေးစေမယ့် TV နဲ့ Aircon ကို ဈေးကွက်ထဲမှာ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါမိတ်ဆက်ပွဲကို မတ်လ ၁၆ ရက်တွင် နံနက် ၁၀ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ Park Royal Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ ထုတ်ကုန်တွေမှာ Ultrasonic Wave နည်းပညာကိုအသုံးပြုထားတဲ့ အတွက် လူတွေရဲ့ နားနဲ့ မကြားနိုင်တဲ့ 30, 50, 80 kHz ရှိ အသံလှိုင်းတစ်မျိုးကို အလှည့်ကျထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ Aircon မှာပါဝင်တဲ့ စနစ်ကတော့ အန္တရာယ်ဖြစ်စေမယ့် ဓါတုပစ္စည်းမ ပါဝင်သလို အနံ့ အသက်ကင်းစင်ကာ Aircon ကိုဖွင့်ရန်မလိုဘဲ ခြင်ပြေးစေမယ့် Function ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ TV မှာတော့ ခြင်ပြေးစေမယ့် ကိရိယာကို 20W ရှိတဲ့ စပီကာကနေ 30,50,80 kHz ရှိတဲ့ အသံလိုင်းအလှည့်ကျကို ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။
“LG Electronics အနေနဲ့ ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်တာဖြစ်ပေမယ့် သာမန်မိသားစုတွေအတွက်ကိုလည်း စဉ်းစားပေးတာဖြစ်ပါတယ်။ မိသားစုတွေအနေနဲ့ TV ကြည့်နေရင်းနဲ့သော်လည်းကောင်း၊ Aircon အသုံးပြုသူတွေအတွက်သော်လည်းကောင်း မိမိပတ်ဝန်းကျင်က ခြင်နဲ့ ပတ်သက်တဲ့ အန္တရာယ်တွေ ကင်းဝေးစေချင်တဲ့အတွက် ဒီလိုမျိုးထုတ်ကုန်ကို မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်”လို့ LG Electronics က တာဝန်ရှိသူ မစ္စတာကီနမ်လီကပြောပါတယ်။
Aircon အတွက် မြင်းကောင်ရေ တစ်ကောင်အားကို တန်ဖိုး ၄၈၅,၀၀၀ ကျပ်၊ တစ်ကောင်ခွဲအားကို ၅၄၉,၀၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီး TV တွင် ၃၂ လက်မ နဲ့ ၄၃ လက်မ ရရှိနိုင်ကာ ၃၂ လက်မအတွက် ၃၃၉,၀၀၀ ကျပ်နဲ့ ၄၃ လက်မအတွက် ၅၅၉,၀၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Comments