Xiaomi Mi Mix 2 တွင် ပိုမိုပါးလွှာသည့် ဘောင်နှင့် AMOLED display ပါဝင်မည်


အသစ်ထွက်မယ့် Mi Mix ဗားရှင်းသစ်မှာ ယခင် Mi Mix ထက် ပိုမိုပါးလွှာတဲ့ ဘောင်နဲ့ AMOLED display ပါဝင်မယ်လို့ Xiaomi တည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ် Lei Jun က ပြောကြားလိုက်ပါတယ်။
Xiaomi အနေနဲ့ အသုံးပြုနိုင်တဲ့ screen ဧရိယာကို ပိုမိုကျယ်ဝန်း စေရန်အတွက် Mi Mix သစ်ရဲ့ ဘေးအနားတွေကို ကွေးပြီး AMOLED ကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့အောက်ခြေဘက်မှာ fingerprint sensor ပါဝင်ပြီး ဒါဟာ ကျောဘက်မှာပါဝင်တဲ့ scanner ပါဝင်တဲ့ လက်ရှိ phablet တွေနဲ့ ကွာခြားချက်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ Mi Mix ကို Snapdragon 821 processor, 4GB RAM နဲ့ 128GB internal memory တို့နဲ့ အသုံးပြုနိုင်ပါတယ်။ Pro ဗားရှင်းမှာ 6GB RAM နဲ့ 256GB internal storage ပါဝင်ပါတယ်။ ပင်မကင်မရာက 16-megapixel ဖြစ်ပြီး ဖုန်းရဲ့အောက်ခြေဘက်မှာ 5-megapixel selfie ကင်မရာပါဝင်ပါတယ်။ Mi Mix အဖြူရောင်ကို Xiaomi က CES 2017 မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

Comments