Nokia 9 ရဲ့နမူနာ ဓာတ်ပုံအချက်အလက်များ ထွက်ပေါ်လာ


Nokia ရဲ့ နောက်ထွက်မယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းရဲ့ နမူနာ မော်ဒယ် ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ စမတ်ဖုန်းကို Nokia 9 လို့ အမည်ပေးထားမှာ ဖြစ်ပြီး Case တစ်ခု တပ်ဆင်ထားတဲ့အတွက် သူ့ရဲ့ ဒီဇိုင်းကို သေချာ မမြင်ရပါဘူး။ ဓါတ်ပုံမှာ USB Type-C Port ကို ဖုန်းရဲ့ အောက်ခြေနဲ့ 3.5mm Headphone Jack ကို ဖုန်းရဲ့ အထက်မှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ပါဝါနဲ့ အသံ ခလုတ်များကို ဖုန်းရဲ့ ညာဘက်ဘေးမှာ တပ်ဆင်ထားပါတယ်။

Nokia 9 မှာ နောက်ဆုံးထုတ် Hardware များ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ သူ့မှာ ၅.၃ လက်မ QHD Display , Snapdragon 835 Processor ( 2.46GHz ) , 4GB RAM , 64GB Internal Storage များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ microSD Card စိုက်နိုင်သလားဆိုတာကို မသိရသေးပါဘူး။ Android 7.1.1 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ Google Pixel ရဲ့ Launcher နဲ့ ဆင်တူတဲ့ Launcher ကို Nokia 9 မှာ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 13MP Camera ၂ လုံးနဲ့ Dual LED Flash ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Laser Autofocus Window လည်း ပါပါ တယ်။ QuickCharge 3.0 နည်းပညာ ပါပြီး ဒေါ်လာ ၇၀၀ ၀န်းကျင် တန်ကြေးရှိမှာ ဖြစ်ပါတယ်။ 

Credit # Win Kabar Kyaw

Comments