QuickButton ပါဝင်ပြီး အကြမ်းဒဏ်ခံနိုင်တဲ့ X Venture စမတ်ဖုန်းကို LG မိတ်ဆက်


၂၀၁၇ ခုနှစ်အတွက် ဒုတိယမြောက် X စီးရီးစမတ်ဖုန်းဖြစ်တဲ့ X Venture ကို LG က မိတ်ဆက်လိုက်ပါတယ်။ LG X venture ဟာ IP68 အဆင့် ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်ရည်ရှိတဲ့ စမတ်ဖုန်းဖြစ်ပြီး ရေအနက် ၁.၅ မီတာအထိ အသုံးပြုနိုင်ပါတယ်။
X Venture မှာ Snapdragon 435 chipset နဲ့ 2GB RAM ပါဝင်ပါတယ်။ Display က ၅.၂ လက်မ LCD ဖြစ်ပြီး 1920 x 1080px resolution နဲ့ အသုံးပြုနိုင်ပါတယ်။ Operating system က Android 7.0 Nougat ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏက 32GB ဖြစ်ပြီး microSD card slot ကနေတစ်ဆင့် တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ ဘက်ထရီက 4,100mAh ဖြစ်ပြီး ၂၄ နာရီကြာအသုံးပြုနိုင်တယ်လို့ LG က ပြောကြားထားပါတယ်။ QuickCharge 2.0 ကြောင့် သုညကနေ ၅၀ ရာခိုင်နှုန်းကို ၄၈ မိနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ပင်မကင်မရာက 16MP sensor ဖြစ်ပြီး အရှေ့ဘက်မှာတော့ LG V20 ကအတိုင်း 120-degree 5MP selfie ကင်မရာကို အသုံးပြုထားပါတယ်။
LG X Venture မှာ QuickButton လို့ခေါ်တဲ့ dedicated side button တစ်ခုပါဝင်ပါတယ်။ အဲ့ဒီခလုတ်ဟာ LG ရဲ့ Outdoor Essentials app သစ်ကို ဖွင့်ပေးနိုင်ပါတယ်။ အဲ့ဒီ app မှာ barometer, compass, step/clorie/distance counter, weather information နဲ့ flashlight တို့ပါဝင်ပါတယ်။

QuickButton ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သုံးနိုင်ပြီး တစ်ချက်နှိပ်တဲ့အခါမှာ Outdoor Essentials ပေါ်လာမှာဖြစ်ပါတယ်။ ခပ်ကြာကြာနှိပ်ထားရင်တော့ settings menu ပေါ်လာပါလိမ့်မယ်။ နှစ်ချက်နှိပ်မယ်ဆိုရင်တော့ Glove Mode ကို enable လုပ်ပေးမှာဖြစ်ပါတယ်။ Glove Mode ကို enable လုပ်ထားတဲ့အခါမှာ LG X venture က လက်အိတ်စွပ်ပြီး tap လုပ်တာနဲ့ swipe လုပ်တာကို သိရှိနိုင်ပါလိမ့်မယ်။
LG X Venture ကို မြောက်အမေရိကမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ ဥရောပ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းတို့မှာတော့ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။ တန်ဖိုးက ဒေါ်လာ ၂၆၀ ဝန်းကျင် ဖြစ်ပါတယ်။

Credit # Internet Journal

Comments