4,000mAh ဘက်ထရီနဲ့ Snapdragon 435 ပါဝင်တဲ့ Huawei Y7 Prime


4,000mAh ဘက်ထရီပါဝင်တဲ့ Y7 Prime စမတ်ဖုန်းကို Huawei က ဟောင်ကောင်မှာ ပွဲထုတ်မိတ်ဆက် ခဲ့ပါတယ်။
Huawei Y7 Prime ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အထူက ၈.၃၅ မီလီမီတာ ဖြစ်ပါတယ်။ Display က ၅.၅ လက်မ 720p IPS panel ဖြစ်ပြီး 2.5D glass နဲ့ ဖုံးအုပ်ထားပါတယ်။ အတွင်းပိုင်းမှာတော့ စွမ်းအင်သုံးစွဲမှုသက်သာတဲ့ Snapdragon 435 chipset (8x A53, Adreno 505) နဲ့အတူ 3GB RAM နဲ့ 32GB storage တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းမှာ Android 70 Nougat နဲ့ EMUI 5.1 ကို အသုံးပြုထားပါတယ်။

ပင်မကင်မရာက 12MP ဖြစ်ပြီး Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ ပင်မကင်မရာက 1080p ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ အောက်ဘက်မှာတော့ fingerprint reader ကို ထည့်သွင်းထားပါတယ်။
တန်ဖိုးက ဒေါ်လာ ၂၄၀ ဖြစ်ပါတယ်။

Comments