အိတ်ချိန်းအချို့ စက်များပြောင်းလဲတပ်ဆင်မည်


MPT မှ လက်ရှိ အသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း ၇ လုံးပါရှိသည့်အော် တိုတယ်လီဖုန်းနံပါတ် အသစ်များဖြင့်ပြောင်းလဲတပ်ဆင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်လဲတပ်ဆင်မည်ဖြစ်ကြောင်း၊ ထိုသို့တပ်ဆင်မည်ဖြစ်၍ အော်တိုတယ်လီဖုန်း နံပါတ်များပြောင်းလဲ သွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ ၃၀ ရက်နေ့တွင်ပြောင်းလဲတပ်ဆင်မည်ဖြစ်ကြောင်း၊ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ပြောင်း လဲစဉ်ကာလအတွင်း MPT ၀န်ဆောင်မှုအသုံးပြုနေသူများအား Call Forward ၀န်ဆောင်မှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ အခမဲ့ပေးထားမည်ဖြစ်ကြောင်း သိသည်။
အသုံးပြုသူများအနေဖြင့် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဟုဆိုသည်။ ပြောင်းလဲမည့်နေ့ရက်နှင့် တယ်လီဖုန်းနံပါတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားပြီး ဖြစ်သည်ဟုဆိုသည်။

Comments