Dual-lens ကင်မရာပါဝင်တဲ့ OnePlus 5 ဓာတ်ပုံ ထွက်ပေါ်လာ




တရားဝင်ပွဲထုတ် မိတ်မဆက်မီ ရက်အနည်းငယ်အလိုမှာ OnePlus က OnePlus 5 စမတ်ဖုန်းရဲ့ ဓာတ်ပုံကို ထုတ်ဖော်ပြသ လိုက်ပါတယ်။
အဲ့ဒီဓာတ်ပုံဟာ ကောလာဟလသတင်းထွက်နေတဲ့ dual-lens ကင်မရာကို အတည်ပြုခဲ့ပါတယ်။
OnePlus ဟာ OnePlus 5 ဓာတ်ပုံနဲ့အတူ ‘Dual camera. Clearer photos’ ဆိုတဲ့ စာတန်းကို Twitter မှာ ဝေမျှခဲ့ပါတယ်။
နောက်ပိုင်းမှာ ထွက်ရှိလာခဲ့တဲ့ ဗီဒီယိုတစ်ခုမှာလည်း dual-lens ကင်မရာကို အကျဉ်းချုပ်ပြသခဲ့ပါတယ်။
OnePlus အမှုဆောင်အရာရှိချုပ် Pete Lau ကတော့ ဇွန်လ ၂၀ ရက်မှာ မိတ်ဆက်မယ့် OnePlus 5 အတွက် စိတ်လှုပ်ရှားနေတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
ကောလာဟလသတင်းအချို့မှာတော့ OnePlus 5 မှာ 3,600mAh ဘက်ထရီ၊ 6GB RAM နဲ့ Snapdragon 835 processor ပါဝင်ပြီး iPhone 7 ထက် ဈေးသက်သာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မကြာသေးခင်က OnePlus 5 ကို ဒေါ်လာ ၄၅၀ နဲ့ရောင်းချမယ်လို့ Oppo Mart က ဖော်ပြခဲ့ပေမယ့် ဒီဈေးနှုန်းကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိပါဘူး။

Comments