၅.၁၅ လက်မ Full HD display, Kirin 960 chipset နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Honor 9

ကောလာဟလသတင်းများစွာ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် Honor 9 စမတ်ဖုန်းကို Huawei က ပွဲထုတ်မိတ်ဆက် လိုက်ပါတယ်။
Huawei Honor 9 မှာ ၅.၁၅ လက်မ 1080p display နဲ့အတူ iPhone 7 နဲ့ Galaxy S8 တို့မှာသုံးထားတဲ့ DCI-P3 color space ပါဝင်ပါတယ်။ Android 7.0 Nougat နဲ့အတူ EMUI 5.1 နဲ့အသုံးပြုနိုင်ပါတယ်။
Mate 9 နဲ့ P10 အတိုင်း HiSilicon ရဲ့ ပရီမီယံ Kirin 960 chipset ကို အသုံးပြုထားပါတယ်။ RAM က 6GB ဖြစ်ပြီး storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာ hybrid SIM slot ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

ကျောဘက်ကင်မရာနှစ်ခုက 12MP နဲ့ 20MP sensor များဖြစ်ပါတယ်။ 2x optical zoom, portrait နဲ့ bokeh mode တွေကို ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 8MP ဖြစ်ပါတယ်။
Honor 9 နဲ့အတူ မိုဘိုင်းငွေပေးချေစနစ်ဖြစ်တဲ့ Huawei Pay ကိုလည်း ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီငွေပေးချေစနစ်ကို Honor 9 မှာ ထောက်ပံ့ပေးထားပါတယ်။ အခြားချိတ်ဆက်မှုများအနေနဲ့ 4G VoLTE, Wi-Fi ac နဲ့ ၃.၅ မီလီမီတာ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ ဘက်ထရီက 3,200mAh ဖြစ်ပါတယ်။
Huawei Honor 9 ကို Grey, Blue, Amber Gold အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ ဇွန်လ ၁၆ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး တန်ဖိုးက 64GB အတွက် ဒေါ်လာ ၄၀၀ ဖြစ်ပါတယ်။ 128GB အတွက်ကတော့ ဒေါ်လာ ၄၄၀ ကျသင့်မယ်လို့ သိရပါတယ်။

Comments