Fundamental Windows and Linux Command Line စာအုပ်မိတ်ဆက်ပွဲနှင့်အတူ ဟောပြေပွဲ ကျင်းပမည်




မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှကြီးမှူး၍ အသင်းသားများ၊ ကျောင်းသူ ကျောင်းသားများ၊ ကွန်ပျူ တာပညာရပ်ကို လေ့လာလိုက်စားသူများ သိရှိစေရန် ရည်ရွယ်ကာ စီစဉ်ထုတ်ဝေတဲ့ MCPA Professional Series ရဲ့ အမှတ်စဉ်(၅) စာရေးဆရာ ဦးရဲမျိုးသူရေးသားသော “Fundamental Windows and Linux Command Line” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁ ရက်၊ စနေနေ့၊ နေ့လယ် ၂ နာရီ မှ ၅ နာရီ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park အခန်း (၂၀၅) တွင် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

စာအုပ်မိတ်ဆက်ပွဲနဲ့အတူ နည်းပညာဟောပြောပွဲကိုလည်း ပူးတွဲကျင်းပပေးမှာဖြစ်ပြီး စာရေးသူ ဦးရဲမျိုးသူမှ ယနေ့ Operating System များတွင် Technician များ အသုံးပြုရလေ့ရှိတဲ့ Command Line တွေရဲ့အရေးပါပုံနဲ့ စွမ်းဆောင်ရည်မြင့်မားပုံတွေကို အဓိကထားဟောပြောမယ့် “Powerful Windows Command Line” ခေါင်းစဉ်နဲ့ ဦးရဲလင်းအောင် (Red Hat Myanmar) မှ Open Source Operating System ဖြစ်တဲ့ Linux OS များတွင် မဖြစ်မနေအသုံးပြုရမယ့် သိသင့်သိထိုက်သော Command တွေအကြောင်းကို ဟောပြောမယ့် “Essential Linux Command Line” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေး နွေးဟောပြော ပေးသွားမယ်လို့ သိရပါတယ်။
အဆိုပါ ဟောပြောပွဲသို့ ကွန်ပျူတာ ပညာရပ်ဆိုင်ရာကျောင်းသား၊ ကျောင်းသူတွေနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းရဲ့အသင်းသူ၊ အသင်းသားတွေ၊ ICT နည်းပညာကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၊ ဖုန်း − ၀၁−၆၅၂၂၇၆၊ ၀၉−၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Credit ## Internet Journal

Comments