National ICT Award ပြိုင်ပွဲအတွက် Training of Trainer များဖိတ်ခေါ်


National ICT Award ပြိုင်ပွဲအတွက် Training of Trainer (TOT) သင်တန်းနည်းပြအဖြစ် ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။
National ICT Award 2017 ပြိုင်ပွဲအတွက် အထောက်အကူပြု ဆရာအဆင့် Training of Trainer (TOT) သင်တန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်မှ ၁၄ ရက်အထိ (တနင်္လာမှ သောကြာ) MICT Park မှာ သင်ကြားပေးရမှာဖြစ်ပြီး ပြိုင်ပွဲကို မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကာလ ၁၀ ရက်အတွက် ငွေကျပ် ၁၁၀,၀၀၀ ကျပ် ပေးအပ်ချီးမြှင့်မှာဖြစ်ကာ သင်တန်းအချိန် နာရီ ၇၀ ဖြစ်တဲ့အတွက် (၁) ကြိမ်လျှင် ၆၀ ဦးကို သင်ကြားရမှာဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။
ကွန်ပျူတာအခြေခံနှင့် မိုဘိုင်းအသုံးပြုမှုနဲ့ Internet အသုံးပြုမှု ဘာသာရပ်တို့ကို နည်းပြ/ သရုပ်ပြအနေဖြင့် လက်တွေ့လေ့ကျင့် သင်ကြားပေးနိုင်ရမှာဖြစ်ပြီး မွမ်းမံသင်တန်း သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းအချိန်အတွင်း နေ့လယ်စာ (၁) ကြိမ်နဲ့ Tea Break (၁) ကြိမ် စီစဉ်ပေးမှာဖြစ်ပြီး Project ကာလအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပါက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် အီးမေးလ် – yrcpaoffice@gmail.com သို့ ဇွန်လ ၂၃ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

Comments