OnePlus 5 တွင် 8GB RAM ပါဝင်မယ်လို့ Amazon India ပြောကြား


OnePlus 5 မှာ 8GB RAM ပါဝင်လာမယ်လို့ Amazon India ရဲ့ ကြော်ငြာစာမျက်နှာ source code အရ သိရပါတယ်။ ဒီအကြောင်းကို နာမည်ကျော် tipster ဖြစ်သူ Evan Blass က ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Blass ရဲ့ tweet မှာ “2.35GHz octa-core Snapdragon 835 processor နဲ့ 8GB RAM ပါဝင်မယ့် OnePlus 5 ကို ဇွန်လ ၂၂ ရက်မှာ Amazon.in ကနေ အထူးသီးသန့် ရောင်းချသွားပါမယ်” လို့ ဖော်ပြထားပါတယ်။
‘Flagship Killer’ OnePlus 5 ကို ဇွန်လ ၂၀ ရက်မှာ မိတ်ဆက်ဖို့ အတည်ပြုထားပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာတော့ ဇွန်လ ၂၂ ရက်မှာ Amazon India ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။
OnePlus 5 ဟာ အပါးလွှာဆုံး flagship စမတ်ဖုန်းဖြစ်လာလိမ့်မယ်လို့ Lau က Weibo post တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့တဲ့ ကုမ္ပဏီရဲ့ ဖိတ်စာမှာတော့ “Focus on what matters” ဆိုတဲ့ စာတန်းကို ထည့်သွင်းထားတာကြောင့် OnePlus 5 မှာ dual rear camera setup နဲ့အတူ အဆင့်မြင့် ကင်မရာနည်းပညာတစ်မျိုးကို တွေ့မြင်ရဖို့ရှိပါတယ်။
 အချို့ကတော့ OnePlus 5 ကို iPhone 7 Plus ဒီဇိုင်းနဲ့ နှိုင်းယှဉ်နေကြပါတယ်။ ကျန်အသေးစိတ်အချက်အလက်ကိုတော့ OnePlus 5 ကို မိတ်ဆက်မယ့် ဇွန်လ ၂၂ ရက်နေ့မှာ သိရှိရမှာ ဖြစ်ပါတယ်။

Comments