မြင်ကွင်းကျယ်ရှေ့ကင်မရာပါဝင်သည့် Vivo Y52 စမတ်ဖုန်း ပြည်တွင်းဈေးကွက်သို့ စတင်ရောင်းချ

အဖွဲ့အလိုက် Group Selfie ဓာတ်ပုံတွေကို ကောင်းကောင်း ရိုက်နိုင်မယ့် ၈၄ ဒီဂရီ မြင်ကွင်းကျယ် ရှေ့ကင်မရာပါဝင်တဲ့ Vivo Y52 မော်ဒယ်စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်မှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
ဒီဖုန်းဟာ GSM နှစ်ကတ်သုံး Dual SIM ဖုန်းအမျိုးအစားဖြစ်ပြီး 2G နဲ့ 3G ကွန်ရက်တွေမှာ အသုံးပြုနိုင်ပါတယ်။ မြင်ကွင်းအရွယ်အစား ၅ လက်မရှိပြီး အမြန်နှုန်း 1.3GHz ရှိတဲ့ Quad-core CPU ကို တပ်ဆင်ထားပါတယ်။ RAM 2GB နဲ့ အချက်အလက်သိုလှောင်မှု 16GB Internal Memory ပါဝင်တဲ့အပြင် microSD နဲ့ 256GB ထိတိုးမြှင့်အသုံးပြုနိုင်မှာပါ။ 8MP ကျောဘက်ကင်မရာနဲ့ 5MP ရှေ့ဘက်ကင်ရာကို တပ်ဆင်ထားပြီး Android OS 5.1 ပေါ်အခြေခံတဲ့ Funtouch OS 2.5 ကို အသုံးပြုထားပါတယ်။ App တွေကို အသံတိုးခလုတ်နဲ့နှိပ်ပြီးဖွင့်နိုင်မည့် Smart Click နည်းပညာ၊ Super Screenshot နည်းပညာ၊ Motion စနစ်သုံး Smart Wake နည်းပညာတွေနဲ့ Face Beauty 5.0 နည်းပညာတွေထောက်ပံ့ပါဝင်ပြီး USB OTG စနစ်လည်း ထောက်ပံ့ပါဝင်မှာပါ။ ဘက်ထရီက 2350 mAh အမျိုးအစားဖြစ်ပြီး ဒီဖုန်းကို တန်ဖိုး ၁၅၈,ဝဝဝ ကျပ်နဲ့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။

Credit ## Internet Journal

Comments