Vivo ထုတ်ကုန်တွေထဲက Y Series ကလည်း သုံးစွဲသူတွေ အတော်လေးကို နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့တဲ့ Serie ဖြစ်ပါတယ်။ Y
Series ထဲကမှ Y53 ကို မူလက Crown Gold နဲ့ Space Gray ဆိုပြီး အရောင် ၂
မျိုးထဲ ထုတ်လုပ်ထားပေမယ့် အခုအခါမှာတော့ Black color ကိုပါ ထပ်ပြီး
ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
Y53 ဟာ 8MP နောက်ကင်မရာကြောင့် ရှုခင်းပုံ ရိုက်ကူးလိုသူတွေ၊ မှတ်တမ်းပုံ
ရိုက်ကူးလိုသူတွေအတွက် အဆင်ပြေတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်
Ultra HD နည်းပညာကို အသုံးပြုထားတာကြောင့် ဖုန်းမှာ ပြန်ကြည့်မယ်ဆိုရင်
ဓာတ်ပုံတွေကို 32 MP အနေအထားနဲ့ ပြန်ပြီးတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
Smart Screen Flash စနစ်ပါဝင်တာကြောင့် ညဘက်မှာ Selfie ရိုက်မယ်ဆိုရင်တောင်
မျက်နှာအလှကို လင်းလင်းထင်းထင်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
2GB RAM နဲ့ 64-bit Qualcomm Snapdragon CPU အသုံးပြုထားတာကြောင့်
အသုံးပြုရတာ ချောမွေ့ ညက်ညောပါတယ်။ ဘယ်လောက်ပဲခိုင်းခိုင်း ပေါ့ပါး
မြန်ဆန်ပြီး၊ မလေးတဲ့၊ မဟမ်းတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဖုန်းတွင်း
သိုလှောင်မှုပမာဏကလည်း 16GB ဖြစ်တဲ့အတွက် ဓာတ်ပုံ၊ ဗီဒီိယိုနဲ့
သီချင်းဖိုင်ပေါင်း များစွာကို ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ
မလုံလောက်သေးဘူးဆိုရင်လည်း 256GB microSD ကိုလည်း ထပ်မံထည့်သွင်းပြီး
အသုံးပြုလို့ရပါတယ်။
Y53 ရဲ့ အားသာချက်နောက်တစ်ခုကတော့ Dual 4G SIM နှစ်ခုလုံး တစ်ပြိုင်နက်
အသုံးပြုလို့ရတာပါပဲ။ ဆင်းမ်ကတ် နှစ်ကတ်လုံး ထည့်ထားလို့ရတဲ့အပြင် microSD
ကတ်လည်း သပ်သပ် ထည့်ထားလို့ရပါတယ်။ ဒါကြောင့် ဖုန်းကတ်နှစ်ကတ်လည်း
ထည့်ထားချင်၊ ဒေတာများများလည်း ထည့်ထားချင်တဲ့ သူတွေအတွက် အဆင်အပြေဆုံး
ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားပြီး ရှားပါးတဲ့ အနက်ရောင် ကိုထည်လေးနဲ့ Y53
ကို မြန်မာငွေကျပ် ၁၉၈၀၀၀ (တစ်သိန်းကိုးသောင်းရှစ်ထောင်) တည်းနဲ့
ဝယ်ယူရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
Comments
Post a Comment