ကမ္ဘာ့ပထမဆုံး Alexa အသုံးပြုထားတဲ့ iMCO စမတ်နာရီကို အိန္ဒိယမှာ စတင်ဖြန့်ချီ


မနှစ်က ဧပြီမှာ ထုတ်ဖော်ပြသခဲ့တဲ့ Amazon Aံlexa အသုံးပြုထားတဲ့ CoWatch ကို iMCO Watch အနေနဲ့ ပြန်လည်ထုတ်လုပ်ပြီးတော့ အခုဆိုရင် Yerha.com မှတစ်ဆင့် အိန္ဒိယမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
iMCO Watch ဟာ ရာသီဥတုမေးမြန်းခြင်း၊ စမတ်ဟုမ်းကို ထိန်းချုပ်ခြင်း၊ Wen ပေါ်မှာ အချက်အလက်ရှာဖွေခြင်းနဲ့ အွန်လိုင်းမှ ပစ္စည်းမှာယူခြင်းစတာတွေအတွက် Alexa ရဲ့ အသံနဲ့ထိန်းချုပ်တဲ့ လုပ်ဆောင်ချက်တွေကို ယူဆောင်လာပါတယ်။
iMCO Watch ဟာ 400 x 400 pixel AMOLED display နဲ့ 1.2GHz dual-core processor ၊ 1 GB RAM ၊ 8 GB inbuilt storage တို့ ပါဝင်ပါတယ်။ သူ့မှာ accelerometer ၊ gyroscope ၊ magnetometer ၊ heart sensor စတာတွေလည်း ပါဝင်ပါတယ်။
စမတ်နာရီတစ်ခုလုံးကို stainless steel နဲ့ ပြုလုပ်ထားပြီးတော့ ဖုန်နဲ့ရေစိုခံပါတယ်။ Alexa ကို အသုံးပြုဖို့အတွက် crown button ဒါမှမဟုတ် display ပေါ်က Alexa icon လေးကို နှိပ်ပြီးတော့ သုံးနိုင်ပါတယ်။ အသံနဲ့ activate လုပ်လို့တော့ မရပါဘူး။
iMCO Watch ဟာ Cronologics OS ကို အသုံးပြုထားပါတယ်။ ဒါကေတာ့ Android ကို အခြေခံပြီး ရေးသားထားတဲ့ သူတို့ရဲ့ကိုယ်ပိုင် OS ဖြစ်ပါတယ်။ သူဟာ Android ရော iOS မှာပါ အဆင်ပြေပြီးတော့ Cronologics ပေါ်က တွက်ချက်မှုအားလုံးဟာ နာရီပေါ်မှာရော cloud ပေါ်မှာရော လုပ်ဆောင်ထားတဲ့အတွက်ကြောင့် စမတ်ဖုန်းကို မှီခိုနေခြင်း မရှိပါဘူး။
အရောင်အနေနဲ့ကတော့ Mineral Silver နဲ့ Carbon Black ဆိုပြီး နှစ်မျိုးရနိုင်မှာ ဖြစ်ပါတယ်။ iMCO Watch ကိုတော့ ဒေါ်လာ ၂၃၂ နဲ့ Yerha မှာ ၀ယ်ယူနိုင်ပါပြီ။

Comments