မြန်မာ-ဂျပန်အသင်းရဲ့ ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ်အတွက် အဆိုပြုလွှာများကို ဇူလိုင်လနောက်ဆုံး လျှောက်ထားရမည်

 
မြန်မာ-ဂျပန်အသင်းရဲ့ ပညာရည်ထူးချွန်ဆုဖြစ်သော ဂျပန်နိုင်ငံလေ့လာရေးအစီအစဉ် ၂၀၁၇ အတွက် အဆိုပြုလွှာတင်သွင်းခွင့်ကို သတ်မှတ်ထုတ်ပြန် လိုက်ပါတယ်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲနဲ့ အမှတ်အများဆုံးရရှိသူ ၂၅ ဦးနဲ့ ၀ိဇ္ဇာ/၀ိပ္ပံဘာသာတွဲနဲ့ အမှတ်အများဆုံးရရှိသူ၂၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (နေပြည်တော်ကောင်စီအပါအ၀င်)တစ်ခုချင်းအလိုက် အမှတ်အများဆုံးရရှိသူ ၁၈ ဦး စုစုပေါင်း ၆၈ ဦးနဲ့ YUFL သတ်မှတ်အတန်းများမှ ပဏာမအဆင့်ရွေးချယ်မှုတွင် အောင်မြင်သူ ၆၀ စုစုပေါင်း ၁၂၈ ဦးမှာ အဆိုပြုလွှာ တင်သွင်းခွင့်ရှိတယ်လို့ အသိပေးကြေညာခဲ့ပြီး ဖြစ်ပါတယ်။
သိပ္ပံဘာသာတွဲအတွက် စုစုပေါင်းအမှတ် ၅၄၇ မှတ်နှင့်အထက် ရရှိသူတွေ၊ ၀ိဇ္ဇာ/၀ိပ္ပံဘာသာတွဲ အတွက် စုစုပေါင်း အမှတ် ၄၉၂ မှတ်နှင့်အထက် ရရှိသူတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်များ တစ်ခုချင်းအလိုက် အမှတ်အများဆုံးရရှိသူတစ်ဦးစီသာလျှင် အဆိုပြုလွှာ တင်သွင်းခွင့်ရှိတယ်လို့ သိရပါတယ်။
အဆိုပြုလွှာတွေကို မြန်မာ-ဂျပန်အသင်း Central Tower အမှတ် (၇၉-၈၁) ပထမထပ် အခန်း(၁၀၂) အနော်ရထာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁-၂၅၆၀၇၄၊ ၂၅၆၀၇၅၊ ၃၉၂၉၉၄ နဲ့ ၀၉-၄၂၁၁၆၂၃၁ မှာ အခမဲ့ရယူနိုင်ပြီး ဇူလိုင်၃၁ ရက် နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပါတယ်။
အဆိုပြုလွှာတင်သွင်းခွင့် ရရှိသူတွေထဲကမှ ရေးဖြေစာမေးပွဲနဲ့ လူတွေ့ စစ်ဆေးမှုရရှိတဲ့ သူတွေနဲ့ စပ်လျဉ်းပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၅ ရက် မတိုင်မီ သက်ဆိုင်သူများထံသို့ အကြောင်းကြားမယ်လို့ သိရပါတယ်။

Comments