ကွန်ပျူတာတစ်ခုလုံး Google Drive နဲ့ back up ပြုလုပ်နိုင်



ရက်သတ္တပတ် အနည်းငယ်အကြာ နှောင့်နှေးခဲ့ပြီးနောက် ကွန်ပျူတာစနစ်တစ်ခုလုံးကို Google Drive မှာ သိမ်းဆည်းပေးနိုင်မယ့် Backup & Sync app သစ်ကို Google က ဖြန့်ချိလိုက်ပါတယ်။ ဒီ app သစ်ကို မူလက ဇွန် ၂၈ ရက်မှာ ဖြန့်ချိဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
Backup & Sync ဟာ ဖိုင်မတော်တဆပျက်စီးမှုတွေကို ကာကွယ်ဖို့အတွက် Google ရဲ့ cloud ပေါ်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ document တွေကို တူညီတဲ့ format နဲ့ သိမ်းဆည်းပေးနိုင်ပါတယ်။ ဒီ feature ကို Mac နဲ့ PC မှာပါ အသုံးပြုနိုင်ပါတယ်။
Google Drive မှာ ဖိုင်တွေကို အခမဲ့ သိမ်းဆည်းဖို့ 15GB သာ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် လိုအပ်တဲ့အခါ သိုလှောင်မှုပမာဏတွေကို ဝယ်ယူရမှာဖြစ်ပါတယ်။

ယခုပေးထားသော Link တွင် ဝင်ရောက်အသုံးပြုနိုင်ပါသည်။ Click Me

Credit ### Internet Journal

Comments